BEC-TERO TV

မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့တဲ့ မြန်မာ့ကြယ်လိပ်ကောင်ရေ (၄၀၀၀)ကျော်ရှိလာ

26 May 2017     1,578 Views


မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ မြန်မာ့ကြယ်လိပ်တွေဟာ လွန်ခဲ့တဲ့(၁၀)နှစ်ကျော်က သားဖောက် နိုင်စွမ်းရှိတဲ့ အထီး၊အမလိပ်ကောင်ရေ (၁၀၀)အောက်သာရှိပြီး ယခုလက်ရှိမှာ ကြယ်လိပ်ကောင်ရေ စုစုပေါင်း (၄၀၀၀)ကျော်ထိရှိလာပြီဖြစ်တယ်လို့ လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့အစည်းမှ သိရပါတယ်။ မြန်မာ့ကြယ်လိပ်ဟာ ကမာ်္ဘအလှဆုံးလိပ်များစာရင်းမှာ (၁)မျိုးအပါအ၀င်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းခြောက်သွေ့သစ်တောများမှာသာတွေ့ရတဲ့ လိပ်မျိုးဖြစ်တယ်လို့သိရပါတယ်။ ယခင်က မြန်မာ့ကြယ်လိပ်များကို တရားမ၀င်တိရစ္ဆာန်ရောင်းဝယ်သူများမှ သတ်ဖြတ်ရောင်းချ မှုများကြောင့် မျိုးသုဉ်းလုနီးပါးအခြေအနေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့မှ ဒေါက်တာ ကလျာက မေ(၂၃)ရက်နေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့လိပ်ထိန်းသိမ်းရေးအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယခုလက်ရှိ မင်းစုံတောင်ဘေးမဲ့တောမှာ မြန်မာ့ကြယ်လိပ်အကောင် (၂၀၀)ကျော်၊ ရွှေစက်တော်ဘေးမဲ့တောမှာ (၁၀)ကောင်ကျော်နဲ့ လောကနန္ဒာဘေးမဲ့တောမှာလည်း ကြယ်လိပ်ကလေးများ စတင်ပေါက်နေပြီဖြစ်ရာ မိုးရွာလျှင် အကောင်ပေါက်ကလေးများထပ်မံ ပေါက်ပွားလာမှာဖြစ်တယ်လို့သိရပါတယ်။လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့အနေနဲ့ မြန်မာ့ ကြယ်များကိုမပျောက်ရှအာင် ကြယ်လိပ်တွေရဲ့ကျောကုန်းပေါ်မှာ (စဓဗ၀) အင်းကွက်ရေး ထိုးပေးထား တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ရေချိုလိပ်မျိုးစိတ်ပေါင်း (၂၆)မျိုးရှိပြီး လိပ်မျိုးစိတ်(၁၂)မျိုးဟာ မျိုးသုဉ်းပျောက်ကွယ်တောမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမျိုးသုဉ်းပျောက်ကွယ်တော့မယ့် လိပ်မျိုး (၁၂)မျိုးထဲမှ ရှစ်မျိုးမှာ မြန်မာနိုင်ငံမှာသာရှိပြီး လိပ်မျိုးစိတ်စခန်းပေါင်း(၁၁)ခုမှာ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိတယ်လို့သိရပါတယ်။


26 May 2017     1,578 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS