BEC-TERO TV

အစားတလိုင်းဖြစ်နေတဲ့ နန်းသူဇာ

26 May 2017     1,220 Views


အနုပညာလှုပ်ရှားမှုတွေနည်းနေတဲ့ နန်းသူဇာတစ်ယောက် လက်တလောမှာ ပွဲတွေတက် ဖွင့်ပွဲတွေပဲ တက်ဖြစ်နေပါတယ် ။ တစ်ကိုယ်တော်အခွေထွက်မယ်လို့ ပြောထားခဲ့ ပေမယ့် ထွက်မလာပဲကြာနေပါတယ်. ။

အခွေကြာနေရတဲ့ အကြောင်းကို နန်းသူဇာက “ပြောရမှာလည်း ကိုယ့်ကိုကိုယ်တောင်ရှက်လာပြီအခွေက ထွက်မယ်ထွက်မယ်နဲ့တော်တော်ကြာနေပါပြီ ။ ကိုယ့်ကိုကိုယ်လည်းသိတယ် ။ ဒါပေမယ့် မထွက်နိုင်ဖြစ်နေတာက ခက်တယ် ။အခွေက သိပ်မပြီးသေးဘူး ။ လုပ်နေတုန်းပါ ။ ပရိတ်သတ်တွေကလည်းပြောပါတယ် တစ်ကိုယ်တော်အခွေဘယ်တော့ ထွက်မလဲဆိုပြီး ။ကိုယ့်မှာ ပြန်ဖြေစရာ အဖြေကမရှိဘူး ။ ကိုယ့်ဘာသာ အပျင်းကြီးနေတာနဲ့ပဲ အာရုံမစူးစိုက်နိုင်သေးတယ် မကြာမှီမျှော်လို့ပဲ ပြန်ပြောနေရတယ်” လို့ ပြောထားပါတယ် ။

အစားတလိုင်းဖြစ်နေလို့ ၀လဲ ၀လာတယ် အားနေအစားပဲ စားနေမိတယ်။ ကိုယ့်ဟာကိုယ်ပြန်ထိန်းနေရတယ် ။ စားဆိုတာချည်းပဲ အားပေးတဲ့ သူကလည်း အားပေးတယ်လို့ ပြောသွားခဲ့ ပါတယ် ။

Credit:Oasis


26 May 2017     1,220 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment