BEC-TERO TV

ရာသီအကူးပြောင်းကာလမှာ ဂရုပြုရမယ့် မျက်စိရောဂါ

26 May 2017     1,308 Views


ယခုလို ရာသီအကူးအပြောင်းကာလမှာ မျက်စိကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါတယ်။ ရာသီဥတုအခြေအနေကြောင့် မျက်စိကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။
 
အပြင်ဘက် ရာသီဥတုအပူချိန်နဲ့ လွန်လွန်ကဲကဲ ထိတွေ့မှုကြောင့် မျက်စိကို ဖိအားများစွာ ဖြစ်ပေါ်စေနိုင်ပြီး မျက်စိခြောက်သွေ့ခြင်းနဲ့ ယားယံခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ နေကာမျက်မှန်မပါဘဲ နေပူထဲထွက်သွားလာခြင်းကြောင့် အားစိုက်ကြည့်ရ၍ မျက်စိနားတဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
 
အမျိုးသမီးများအနေနဲ့လည်း မျက်လုံးတဝိုက်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ မျက်လုံးထဲဝင်ရောက်ပြီး အန္တရာယ်ဖြစ်စေနိုင်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။
 
အပြင်ဘက်မှာ အားကစားလုပ်မည်ဆိုလျှင် မျက်စိကို အကာအကွယ်ပေးနိုင်တဲ့ မျက်မှန်တွေ အမြဲတပ်ဆင်ထားပါ။ မျက်ကပ်မှန်အချိန်အကြာကြီး တပ်ဆင်ထားတာကြောင့် မျက်စိကို ထိခိုက်စေနိုင်ပြီး သေချာ သန့်စင်ပြီး အလဲအလှယ်လုပ်ပေးသင့်ပါတယ်။
 
မျက်စိထိခိုက်ပါက ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေ ရှိတာကြောင့် မျက်စိကို မထိခိုက်အောင် ကြိုတင်ကာကွယ်ဖို့ လိုအပ်ပြီး ကိုင်တွယ်ရာမှာလဲ အလွန်နူးညံ့သိမ်မွေ့ဖို့ လိုအပ်ပါတယ်။
 
မျက်စိထဲ ဖုန် ၊ အမှိုက်များ ဝင်ရောက်ပါက ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်ခြင်းကြောင့် ဒဏ်ရာရပြီး ပိုးဝင်စေနိုင်ပါတယ်။ ဒါကြောင့် မျက်စိထဲ အမှိုက်ဝင်ပါက မျက်ရည်ထွက်အောင် စောင့်ပြီးမှ မျက်ရည်နဲ့အတူ ထွက်သွားစေခြင်းက ပိုမိုကောင်းမွန်ပါတယ်။
 
 
 

26 May 2017     1,308 Views




RELATED

Most Popular of Health Fix

Most Popular of Life Style