BEC-TERO TV

ဖီလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် စစ်အုပ်ချုပ်ရေးအမိန့် သမ္မတဒူတာတေး ကြေညာ

26 May 2017     1,241 Views


ဖီလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်တယ်လို့ယူဆရတဲ့ စစ်သွေးကြွ တွေကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးတဲ့နောက် သမ်္မတဒူတာတေးဟာ နိုင်ငံတောင်ပိုင်းမှာ စစ်အုပ်ချုပ်ရေကြေညာလိုက်ပြီဖြစ်ပါတယ်။လက်ရှိမှာ သမ္မတဒူတာတေးဟာ ရုရှားနိုင်ငံကို တရားဝင် အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး စစ်အုပ်ချုပ်ရေးအမိန့်ကြေညာချက်ကို သမ်္မတရဲ့ ပြောရေးဆိုခွင့် ရှိသူက မော်စကိုမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံရဲ့သုံးပုံ တစ်ပုံစာ အကျယ်အ၀န်းရှိတဲ့ နိုင်ငံတောင်ပိုင်းက မင်ဒါနာအိုဒေသမှာ စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ အာနက်စတိုအဘဲလာက နိုင်ငံတ၀ှမ်းထုတ်လွှင့်ခဲ့တဲ့ ရုပ်သံသတင်းစာ ရှင်းလင်းပွဲမှာ ကြေညာလိုက်တာပါ။စစ်အုပ်ချုပ်ရေး အမိန့်ဟာ ရက်(၆၀)အထိအသက်ဝင်မှာဖြစ်ပြီး ဖွဲ့စည်းပုံနဲ့အညီကြေညာတာဖြစ်တယ်လို့ သမ်္မတ ပြောခွင့်ရသူကပြောပါတယ်။သမ်္မတဒူတာတေးဟာ ရုရှားသမ္မတပူတင်နဲ့အင်္ဂါနေ့နှောင်းပိုင်းမှာ ကလင်မလင်နန်းတော်မှာတွေ့ဆုံချိန်မှာတော့ နိုင်ငံအတွင်းမှာဖြစ်ပွားနေတအခြေအနေကြောင့် ဖီလစ်ပိုင်နိုင်ငံပြန်ရမယ့်အခြေအနေကို ပြောကြားခဲ့ပါတယ်။

မင်ဒါနာအိုကျွန်းမှာရှိတဲ့ မာရာဝီမြို့မှာ အိုင်အက်စ်အဖွဲ့နဲ့ဆက်နွယ်နေတဲ့ သေနတ် သမားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်လို့ သမ္မတက ပြောပါတယ်။ထိတွေ့မှုတွေအတွင်း ရဲ(၁)ဦးနဲ့စစ်သား(၂ )ဦးကျဆုံးခဲ့တယ်လို့ ဖီလစ်ပိုင်ကာကွယ်ရေး ၀န်ကြီးက အတည်ပြုပါတယ်။ဖီလစ်ပိုင်နိုင်ငံအတွင်းက အိုင်အက်စ်အဖွဲ့ခွဲလို့ယူဆရတဲ့ အဘူဆေယက် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ပုန်းနေတယ်လို့ယူဆရတဲ့ အိမ်တစ်လုံးကို လုံခြုံရေးတပ်ဖွဲ့တွေက ၀င်ရောက်စီးနင်းရာကနေ လက်နက်ကိုင်တွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြားထိတွေ့မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။


26 May 2017     1,241 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS