BEC-TERO TV

လိင်တူလက်ထပ်တာကို ပထမဆုံးခွင့်ပြုလိုက်တဲ့ ထိုင်ဝမ် တရားရုံး

26 May 2017     1,247 Views


ထိုင်ဝမ်ထိပ်တန်း တရားသူကြီးတွေက လိင်တူခြင်းလက်ထပ်တာကို ခွင့်ပြုလိုက်လျောတဲ့ အမိန့်တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒီအမိန့်ဟာ အာရှမှာ လိင်တူလက်ထပ်မှုကို ပထမဆုံးတရားဝင်ခွင့်ပြုပေးတဲ့နေရာ ဖြစ်လာမှာ ဖြစ်ပါတယ်။

လိင်တူအချင်းချင်း လက်ထပ်တာကို တားမြစ်တဲ့ ဥပဒေတွေက သူတို့ရဲ့အခွင့်အရေးတွေကို ချိုးဖောက်နေပြီး ထိုင်ဝမ်ဖွဲ့စည်းပုံအရ နိုင်ငံသားတိုင်း တန်းတူညီမျှအခွင့်အရေး ရရှိရမယ်ဆိုတဲ့ အချက်နဲ့လည်း ဆန့်ကျင်နေတယ်လို့ ပြောခဲ့ပါတယ်။

တရားရုံးက လိင်တူတွေကို လက်ထပ်ခွင့်မပေးတာဟာ ခွဲခြားဆက်ဆံတဲ့ သဘောသက်ရောက်နေပြီး အခြေခံလူ့ကျင့်ဝတ်တွေ ကာကွယ်ဖို့အတွက် လက်ရှိ တည်ဆဲဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ ဥပဒေအသစ်တစ်ရပ်ရေးဆွဲဖို့ အချိန် ၂ နှစ်ပေးလိုက်ပါတယ်။

အချိန် ၂ နှစ်အတွင်း တရားလွှတ်တော်အမတ်တွေက သည်ဥပဒေကို အကောင်အထည် မဖော်နိုင်ခဲ့ပါက လိင်တူချစ်သူတွေအနေနဲ့ အခုစီရင်ချက်ကို အခြေပြုပြီး လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်သွင်းနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီအမိန့်ကိုတော့ တရားသူကြီး ၁၄ ဦးပါဝင်တဲ့အဖွဲ့က အတည်ပြုချမှတ်ခဲ့ပြီး ဥပဒေပြုရေးလွှတ်တော်က ဥပဒေပြင်ဆင်ရေးတွေကို စတင်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Source : ကုမုဒြာ


26 May 2017     1,247 Views




RELATED

Most Popular of International News

Most Popular of NEWS