BEC-TERO TV

ဒူးမည်း၊ တံတောင်ဆစ်မည်းတာတွေကို သက်သာစေမယ့် အကောင်းဆုံးနည်း

26 May 2017     1,486 Views


အများအားဖြင့် တံတောင်ဆစ်လို နေရာမျိုးတွေဟာ အခြားနေရာတွေထက် ညိုမည်းလေ့ရှိကြပါတယ် ။ တစ်ခါတစ်ရံတွင် မည်းညစ်နေရုံမက အရေပြားကပါ ခြောက်သွေ့ကွဲအက်နေပြီး ကြည့်ရဆိုးစေပါတယ် ။ တံတောင်မည်းခြင်းက မိန်းကလေးများအနေဖြင့်လည်း အရုပ်ဆိုး၊အကျည်းတန်စေပါတယ် ။ ဒီအတွက် အရိုးရှင်းဆုံး နည်းလမ်း ၃ခုကို ဖော်ပြပေးသွားပါမယ်။
 
၁။နနွင်း နှင့် နွားနို့
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းစာကို နွားနို့အနည်းငယ်ဖြင့် ခပ်ပျစ်ပျစ်အနေအထားလေး ရောမွှေပေးပါ ။ ပြီးနောက် တံတောင်ဆစ်ပေါ်သို့ သေချာပွတ်တိုက်လိမ်းပေးပါ ။ ငါးမိနစ်လောက်ထားပြီးလျှင် ဆပ်ပြာဖြင့် ဆေးကြောလိုက်ပါ ။ တစ်နေ့လျှင် အနည်းဆုံး ၁ကြိမ် ၊ ၂ကြိမ်ခန့် ပြုလုပ်နိုင်ပါသည်။
 
၂။ သံလွင်ဆီ နှင့် သကြား
သံလွင်ဆီ လက်ဖက်ရည်တစ်ဇွန်း နှင့် သကြားတစ်ဇွန်းကို ဆတူရောစပ်ပြီး မည်းညစ်နေသော အရေပြားပေါ် ငါးမိနစ်ခန့်အထိ ပွတ်လိမ်းပေးနေပါ ။ ပြီးလျှင် ဆပ်ပြာ(သို့) shower gel ဖြင့် ဆေးကြောလိုက်ပါ။ ဒီနည်းလမ်းကိုတော့ ခန္ဓာကိုယ်ပေါ်ရှိ မည်းညစ်ပြီး ဂျွတ်တက်နေသော အခြားနေရာများတွင်လည်း ပြုလုပ်နိုင်ပါသည် ။
 
၃။ရှားစောင်းလက်ပက် နှင့် အုန်းဆီ
လတ်ဆတ်သော ရှားစောင်းလက်ပက်အနှစ်နှင့် အုန်းဆီကို ဆတူရောစပ်ပြီး တံတောင်ဆစ်ပေါ်သို့ မိနစ်အနည်းငယ်ခန့် နှိပ်နယ်ပွတ်လိမ်းပေးပါ ။ ထို့နောက် တစ်နာရီခွဲခန့်ကြာအောင် ထားပြီး ရေအေးဖြင့် ဆေးကြောလိုက်ရုံပါပဲ ။ ဒီနည်းလမ်းက အခြားမည်းတဲ့နေရာတွေကိုလည်း အသုံးပြုနိုင်ပါတယ်နေ်ာ..
 
 

26 May 2017     1,486 Views




RELATED

Most Popular of Special or Others

Most Popular of NEWS