BEC-TERO TV

အစ္စရေးနှင့်ပါလက်စတိုင်းငြိမ်းချမ်းရေးကို အစွမ်းကုန်လုပ်ဆောင်မည်ဟု သမ္မတ ထရမ့်ပြော

26 May 2017     1,223 Views


အစ္စရေးနိုင်ငံနဲ့ပါလက်စတိုင်းနယ်မြေတို့ကြား ငြိမ်းချမ်းရေးရရှိအောင် အစွမ်းကုန်ကူညီသွား မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ပါလက်စတိုင်းဟာ အရှေ့အလယ်ပိုင်းကို သွားရောက်တဲ့ သမ္မတထရမ့်ရဲ့နောက်ဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။ပါလက်စတိုင်းမြို့ဖြစ်တဲ့ ဘက်သလမ်ကို ရောက်ရှိနေတဲ့ သမ္မတထရမ့်ကတော့ ဘက်သလမ်ဟာ အဖိုးတန်မြို့ဖြစ်လို့ အစ္စရေးနဲ့ပါလက်စတိုင်းကြားငြိမ်းချမ်းရေးရရှိဖို့အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပါလက်စတိုင်း နယ်မြေသမ္မတ မာမွတ် အဘတ်စ်နဲ့ ပူးတွဲပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ငြိမ်းချမ်းရေးဟာ ရွေးချယ်ရမယ့်အရာဖြစ်လို့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ ဂျူး၊ ခရစ်ယာန်နဲ့မွတ်စလင်ကလေးငယ်တွေအတွက် ငြိမ်းချမ်းရေးအိမ်မက်ကို အကောင်အထည် ပေါ်အောင် အမေရိကန်က ကူညီသွားမယ်လို့လည်း သမ်္မတ ထရမ့်ကပြောပါတယ်။ပါလက်စတိုင်း ဒေသခံတွေကတော့ သမ္မတထရမ့်ခရီးစဉ်ကို ဆန္ဒပြခဲ့ကြပါတယ်။သမ္မတထရမ့်ဟာ အမေရိကန်နဲ့ အစ္စရေးကြားက ခိုင်မာတဲ့ဆက်ဆံရေးတွေကို အစ်္စရေးဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်တုန်းက ပြောဆိုထားသူ လည်းဖြစ်ပါတယ်။

ဒါ့ပြင် သမ္မတထရမ့်ဟာ အစ္စရေးနဲ့ပါလက်စတိုင်းကြားမှာ ငြိမ်းချမ်းရေးရရှိနိုင်တဲ့ အခွင့်အလမ်းရှိနေတယ်လို့ အစ္စရေးနိုင်ငံခရီးစဉ်အတွင်းပြောဆိုထားပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ်စတင်တာဝန်ယူပြီး ပထမဆုံးအကြိမ်အဖြစ် အရှေ့အလယ်ပိုင်းနဲ့ ဥရောပကို (၈)ရက်ကြာခရီးသွားရောက်တာဖြစ်ပြီး သမ္မတဟာ ဥရောပကို ခရီးဆက်ဖို့ရှိနေပါတယ်။


26 May 2017     1,223 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS