BEC-TERO TV

ပြောင်းလဲ လိုက်ပြီဆိုတဲ့ နန်းမြတ်ဖြိုးသင်း

26 May 2017     1,237 Views


အရင်က ထက်ပိုပိုလှလာပြီး ပုံစံတွေချိန်းလာ တဲ့နန်းမြတ်တစ်ယောက် “နန်းမြတ်ကတော့ယုံကြည်မှုလို့ထင်တာပဲ ။ နန်းမြတ်အရင်ကကြောက်တော့ လူကြားထဲရောက်ရင် ငုံ့ငုံ့လေးနေတာပေါ့ နော်။ အခုကတော့ ကိုယ့် ကိုကိယ် ယုံကြည်မှု ရှိလာတဲ့ အခါကျတော့ သူများမြင်ရတဲ့ အခါမှာလဲကိုယ့် ကိုယ်ထင်ပေါ်လာတယ်လို့ ထင်တာပဲ ။ ခွဲစိတ်ပြုပြင်မှုကတော့ မလုပ်ထားပါဘူး ထွေထွေထူးထူးလဲ မရှိပါဘူး ။ ပုံမှန် skin care ကို သုံးဖြစ်တယ် ။

အရင်က ကလေးပုံစံ အလုမှ လူကြီး ပုံစံ ပေါက်လာတာ ပြင်ပြင်ဆင်ဆင်နေတက်လာတယ်။ အခုဆိုးထားတဲ့ ဆံပင်ဆိုရင် အရင်က ဆိုးဖို့ တော်တော်ကြောက်တယ်။ မင်းသမီး အင်္ဂါရပ်နဲ့ ညီအောင် ပြင်ဆင်ပြောင်းလဲ လာတာ တော့ မဟုတ်ပါဘူး ။ အရင်က နန်းမြတ်က ကျောင်းသူဆိုတော့ ကျောင်းသူပုံစံဖြစ်နေတယ် ။

အခုအချိန်မှာတော့ ဒီလောကထဲ မှာလည်း ကျင်လည်လာတာအတိုင်းအတာ တစ်ခုရှိလာပြီဆိုတော့ သူတို့ ရဲ့ သင်ပြမှုတွေက်ုလေ့လာတယ် ။ကောင်းကွက်လေးတွေ ကို အမြဲလေ့လာပြင်ဆင်တယ်။ပြုပြင်ပြင်ဆင်တယ် ။ကာလတခုအပိုင်းအခြားအရ နေတက်ဝတ်တက်စားတတ်သွားတာပါ” လို့ ပြောသွားခဲ့ ပါတယ်။

Credit:oasis


26 May 2017     1,237 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment