BEC-TERO TV

သမီးလေးလုပ်တဲ့ ကင်ချီနဲ့ နုသွားတဲ့ လူကြမ်း

26 May 2017     1,466 Views


ဇာတ်ကားထဲမှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဗီလိန်ဇာတ်ရုပ်ကနေ သရုပ်ဆောင်ရတဲ့ လူကြမ်း ကျော်ဇင်ထွဋ်က ပညာတော်ပြီး အချက်အပြုတ်လည်း ကျွမ်းတဲ့ သမီးချောလေးရထားသူပါ။

ဖခင်ပီပီ သမီးလုပ်ထားတဲ့ ကင်ချီလေးကို ဖေ့စ်ဘုတ်ပေါ်တင်ပြီးလည်း စားသားနုနုတွေတွေနဲ့ ကြွားထားပါသေးတယ်။

“23-5-2017 ဖေချစ်Oh-oလေး တစ်ယောက် ကိုယ်တိုင်လုပ်ထားတဲ့ Kimchi လေး ဖြစ်ပါအိ ။ မှတ်ချက် ။ ။ ကောင်း၊မကောင်းတော့ မသိ ။ အရောင်လေး ကတော့ လွန်စွာလှအိ” လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တာကြောင့် သူများသားသမီးတွေလို ကျူရှင်ကောင်းကောင်း မထားပေးနိုင်ပေမယ့် နှစ်ချင်းပေါက် ဆယ်တန်းအောင်ခဲ့တဲ့ သမီးလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်ရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါသေးတယ်။

Ref : Duwun


26 May 2017     1,466 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment