BEC-TERO TV

ကရာတေးခါးပတ်နီ နေတိုး အစွမ်းပြထားတဲ့ ဇာတ်ကား

29 May 2017     1,293 Views


ကရာတေးကို ခါးပတ်နီနဲ့ ပြီးထားတဲ့ မင်းသားနေတိုးက သူ့ရဲ့ကိုယ်ခံပညာကို စွန့်စားခန်းရုပ်ရှင် ရိုက်ကူးရာမှာ ပြန်လည်အသုံးချခွင့်ရတဲ့အတွက် ကျေနပ်နေပါတယ်။

နေတိုးက တည်ကြက် ရုပ်ရှင်ဇာတ်ကားမှာပါတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေမှာ သင်ထားတဲ့ ကိုယ်ခံပညာတွေကို ထုတ်သုံးခဲ့တာဖြစ်ပါတယ်။ ၂၀၀၂ - ၂၀၀၃ လောက်က ကရာတေး ကိုယ်ခံပညာသင်ယူခဲ့ပြီး ပြိုင်ပွဲမပြိုင်တဲ့အတွက် ခါးပတ်အနက်တော့ မရခဲ့ဘူးလို့ နေတိုးကပြောပါတယ်။

တည်ကြက်ရုပ်ရှင်ဇာတ်ကားမှာ မင်းသမီးတွေ စုံစုံလင်လင်ပါပြီး မေမြို့က ရေတံခွန်တွေ ၊ တောင်တွေ ၊ ဂူတွေမှာ အဓိက ဦးစားပေးရိုက်ထားတာလည်း ဖြစ်ပါတယ်။

မင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုမျိုးတတ်မြောက်ထားတာဟာလည်း ဇာတ်ရုပ်သရုပ်ဆောင်ရာမှာ အရမ်းကို အသုံးဝင်ပါတယ်။ နေတိုး ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေ။

Ref : 7Day Daily


29 May 2017     1,293 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment