BEC-TERO TV

သစ္စာကိုလက်တွေ့ပုံဖော်သူ တော့တီရဲ့နှုတ်ဆက်ချိန်ရုပ်သံ

30 May 2017     1,420 Views


အသက် ၄၀ အရွယ်မှာ ဘောလုံးသမားဘဝမှ တော့တီ အနားယူခဲ့ပါပြီ။တော့တီဟာ ရိုးမားအသင်းနဲ့အတူ ၂၅ နှစ်ကြာ ဘောလုံးသမားအဖြစ် ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။

စီးရီးအေမှာ ရိုးမားအသင်းအတွက် ပွဲပေါင်း ၆၁၉ ပွဲကစားကာ ဂိုး၂၅၀ သွင်းယူခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပြီး ဘောလုံးသမားဘဝက အနားယူပြီးတဲ့အခါ ကလပ်အသင်း ဒါရိုက်တာအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ဦးမယ်လို့ သိရပါတယ်။ပရော်ဖက်ရှင်နယ်ဘောလုံးသမား ဘဝအဖြစ် တော့တီရဲ့ နောက်ဆုံးပွဲဟာ လာမယ့် မေလ ၂၈ ရက်နေ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဂျီနိုအာနဲ့ပွဲစဉ်ပါ။

တော့တီဟာ ရိုးမားကစားသမားဘဝ နှစ်ပေါင်း ၂၅ နှစ်အတွင်း စီးရီးအေဖလားတစ်လုံးနဲ့ ကိုပါအီတလီယာ ဖလားနှစ်လုံး ရခဲ့ဖူးပါတယ်။ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၀၆ ခုနှစ်မှာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

အီတလီ၊ရောမမှာ မွေးခဲ့တဲ့ တော့တီက ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀တစ်လျှောက် ရိုးမားအတွက် ပေးဆပ်ခဲတဲ့ သစ္စာရှိသူကြီးတစ်ယောက်ပါ။ခေတ်သစ်ဘောလုံးလောကမှာအင်မတန်ရှားပါးလာတဲ့ ဘောလုံးသစ္စာကို ပြသခဲ့သူတစ်ယောက်အဖြစ် ကျွန်တော်တို့အမှတ်ရမိနေမှာပါ။


30 May 2017     1,420 Views




RELATED

Most Popular of Football

Most Popular of Sport