BEC-TERO TV

ကြက်သား ချိုချဉ်ကြော်

01 Jun 2017     4,546 Views


ဆိုင်မှာစျေးကြီးပေးဝယ်မစားပါနဲ့ ။ ကိုယ်တိုင်အိမ်မှာ ကြက်သားချိုချဉ်ကြော်အလွယ်တကူ ကြော်စားနိုင်ပါတယ်။
 
ပါဝင်ပစ္စည်းများ
 
ကြက်ရင်ပုံသား - ၁၅ ကျပ်သား
ကြက်ဥ - ၁လုံး
ကြက်သွန်နီ - ၁လုံး
ပန်းငရုတ်ပွ - ၁လုံး
ဥနီ (သို့) ခရမ်းချဉ်သီး - ၁လုံး
နာနာတ်သီး - ၁ စိတ်
ချင်းအမျှင် - အနည်းငယ်
ကြက်သွန်မြိတ် - ၃ ပင်ခန့်
ချိုချဉ်ဆော့စ်ရည် - ၅ဇွန်း
 
 
ပြုလုုပ်နည်း
 
ကြက်သားကို အနေတော် အတုံးလေးတွေ တုံးပြီး အရသာ အနည်းငယ်နယ်ပါ ။
ကြက်သွန်နီကို လေးစိတ် ခွဲပြီး အလွှာတွေကို ဖွင့်ထုတ်ပြီး ခွာပါ ။
အခြား အသီးအနှံ တွေကို ကြက်သွန်နီ အရွယ် ပမာဏလောက် လှီးထားပါ ။ ကြက်သွန်မြိတ်ကို ၁ လက္မ အရွယ် ပိုင်းဖြတ်ပါ။
အရသာ နယ်ထားတဲ့ ကြက်သားကို ကြေအောင် ခေါက်ထားတဲ့ ကြက်ဥ အရည်ထဲ နစ်ပြီး ဂျုံမှုန့်တွေထဲ ကပ်လူးပေးပါ ။
ဆီပူပူမှာ ရွှေရောင်ရအောင် ကြော်ယူပြီး ဆီစစ်ထားပါ ။
အခြား သန့်တဲ့ ဒယ်အိုး တစ်လုံးကို ဆီအနည်းငယ်ဖြင့် အပူပေးပါ ။
ဆီပူလာလျှင် ချင်းမျှင်လေးတွေကို ဆီသတ်ပြီး အသီးအရွက်တွေ ထည့်ကြော်ပါ ။
အနည်းငယ် နွမ်းသွားလျှင် ဆယ်ယူထားတဲ့ ကြက်သားကြော်တွေ ထည့်ပေးပါ ။
ချိုချဉ် ဆော့စ်ရည် လောင်းထည့်ပါ ။ ကြက်သွန်မြိတ်လေး ဖြူးပေးပါ ။
 
 
ချိုချဉ်ဆော့စ်ရည် လုပ်နည်းလေး
 
ခရမ်းချဉ်သီးဆော့စ် – ၃ ဇွန်း
သကြား – ၂ ဇွန်း
သဘာဝနာနတ်သီးအရည် – ၃ဇွန်း
ပဲငံပြာရည် – ၁ ဇွန်း
သံပုရာရည် – ဇွန်းဝက်
ဆား – အနည်းငယ်
အထက်ပါ ပါဝင်ပစ္စည်း အားလုံးကို ရောပြီး ဆော့စ်ရည်အဖြစ် ကျိုထားပါ ။
 
Photo and Credit : မြန်မာနိုင်ငံအတွင်း အရသာရှိသော စားသောက်ဖွယ်ရာများ

01 Jun 2017     4,546 Views




RELATED

Most Popular of Food

Most Popular of Life Style