BEC-TERO TV

ကလပ်မှာရှောင်ရှားသင့်တဲ့ အပြုအမှုတွေ

01 Jun 2017     1,353 Views


ဓာတ်ပုံမရိုက်ပါနဲ့
 
ကလပ်ဆိုတာအမှောင်ပါ။အမှောင်မှာဓာတ်ပုံရိုက်မယ်ဆိုတဲ့ အတွေးက ကြောင်လွန်းပါတယ်။အမှောင်မှာ ဓာတ်ပုံရိုက်တဲ့ အခါ မီးအလင်းထွက်ပေါ်မှုက တစ်ပါးသူကိုစိတ်အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်က ပုံကောင်းကောင်းရဖို့မျှော်လင့်ချက်နဲ့ကလပ်မှာ ဓာတ်ပုံမရိုက်ပါနဲ့။

လှေကားမှာ မနေပါနဲ့
 
လှေကားပါဆိုမှ အသွားအလာများပါဘိ၊နောက်တစ်ချက်က အိမ်သာ၊ကလပ်ဝင်ပေါက်/ ထွက်ပေါက်နဲ့ကလမ်လျှောက်လမ်းတွေမှာ မနေပါနဲ့။ကိုယ့်အတွက်မျက်စိနှောက်နိုင်သလို ကိုယ့်ကိုရှောင်ကွင်းသွားသူတွေအတွက်လည်း အာရုံနှောက်ပါတယ်။အခန့်မသင့်ရင် ထိခိုက်မှုရှိနိုင်သလို ရန်ဖြစ်နိုင်ချေများပါတယ်။

ဘားကိုင်ကိုမနှောက်ယှက်ပါနဲ့
 
ရှိတယ်။ရှိတယ်၊မှုးသလို၊ကောင်းနေသလိုအထာနဲ့ ဘားကိုင်ကို ရစ်တဲ့သူတွေရှိသလို၊အော်ကြီးဟစ်ကျယ် လှမ်းစကားပြောတဲ့သူတွေပေါ့။ကိုယ့်အတွက် မကောင်းသလို၊ကလပ်က တစ်ခြားသူတွေအတွက် အတော်လေးအနှောက်အယှက်ဖြစ်စေတဲ့ ပုံစံပါ။

ဝိုင်မမှာပါနဲ့
 
အကောင်းစားဝိုင်ကို ဒီလိုနေရာမှာ မှာသောက်ရင် ရူးမိုက်ရာကျတာပေါ့။ဝိုင်ဆိုတာက ဇိမ်ပြေနံပြေခံစားရင်း အေးဆေးတိတ်ဆိပ်စွာသောက်မှာ အရသာထူးမှာပါ။ကလပ်ဆိုတာက ဆူညံပွက်လောရိုက်နေချိန်မျိုးမှာ ဝိုင်ကိုတော့ မသောက်သင့်ဘူးလို့ ဆိုပါရစေ။ဗောကာပဲ ကလပ်မှာ အဆင်ပြေလောက်မှာပါ။

လက်ချင်းတွဲပြီး မသွားပါနဲ့
 
ကလေးတွေကျောင်းတက်သလို လက်ချင်းချိတ်ကာ ကလပ်ထဲမှာလျှောက်သွားနေရင်တော့ အတော်လေး စိတ်ရှုပ်စေတဲ့ မြင်ကွင်းပါ။ဖက်ထားတာက အဆင်ပြေကောင်းပြေမှာပါ။လက်ချင်းချိတ်နေရင်တော့  ကလေးအထာပေါ့။

အိမ်သာသန့်ရှင်းရေးကို အထင်မသေးပါနဲ့
 
သန့်ရှင်းရေးဆိုတာနဲ့ အထင်သေးဖို့စတွေးလိုက်မယ်ဆိုရင်တော့အတော်လေး နိမ့်ကျတဲ့အတွေးအခေါ်တစ်ခုပါ။ ဘယ်သူတွေ၊ဘာတွေ၊ကလပ်မှာ ဖြစ်ပျက်ခဲဆိုတာကို အကုန်လုံးနီးပါးသိနေတာက သန့်ရှင်းရေးပေါ့။ကိုယ့်အခြေအနေဆိုးလာရင်တော့ သန့်ရှင်းရေးက ကူညီနိုင်ဖို့ ဆုငွေ အနည်းအကျဉ်းတော့ပေးထားနော်။ကိုယ်ရောသူရော အကျိုးရှိပါဘိ။

တိုင်ပတ်မကပါနဲ့
 
သင်ကတာလှနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ..Sexy ကျရင်လည်းအဆင်ပြေမှာပေါ့၊မဟုတ်ရင်တော့ သွား မကပါနဲ့၊ အဝတ်အစားကလည်းဆိုး၊လူကလည်းအရက် ဂျိုး၊သောက်လိုက်ရင် မိုး ..အဲ့လောက်အထိ မူးရူးကွဲပြဲနေချိန် တိုင်ပတ် က သွားကမယ်ဆိုရင်တော့ အကြီးအကျယ် အရှက်ရနိုင်ပါတယ်။အေးအေးဆေးဆေးသက်သာသလို ကနိုင်ဖို့ကလပ်မှာနေရာပေးထားပါတယ်။


01 Jun 2017     1,353 Views




RELATED

Most Popular of Special or Others

Most Popular of Life Style