BEC-TERO TV

ရန်ကုန်က လွယ်ကူ မြန်ဆန် Taxi အဌားစတိုင်

01 Jun 2017     1,500 Views


နေရာတစ်နေရာသွားဖို့ ကားဌားဖို့မကြာခဏ စိတ်ညစ်ရတဲ့ အခိုက်အတန့်တွေ လူတိုင်းမှာရှိတက်ကြပါတယ်။ကားဌားဖို့ဆိုတာ တကယ်တော့မလွယ်လှပါဘူး၊ကားရှာရပါတယ်၊ ကားတွေ့ရင်တောင်လူပါ၊မပါ ကြည့်ရပါတယ်၊ဌားတော့မယ်ဆိုရင် ဈေးစကားပြောရပါ တယ်။အားလုံးအဆင်ပြေရင်တောင်ကားဌားစီးချိန်မှာ လုံခြုံမှုရှိစေဖို့လိုပါတယ်။ ကဲ စိတ်ပူစရာတွေကြီးပါပဲ။အဲ့အခက်အခဲတွေ ကို တဖြည်းဖြည်းလျှော့ချဖို့ ရန်ကုန်မြို့က ကားအဌားစနစ် အထောက်အကူပြုနည်းလမ်းတွေကိုတင်ပြလိုက်ပါတယ်။

Oway Ride

မိုဘိုင်းလ်ဆော့ဝဲလ်ကနေတစ်ဆင့် ကားဌားနိုင်သလို ဖုန်းနံပါတ် - ၀၉၄၅၀၄၅၀၆၀၆ ကိုဖုန်းဆက်ကာ ဆက်သွယ်ခေါ်နိုင် ကားဌားနိုင်ပါတယ်။Andtoid စနစ်ဖုန်းဆိုရင် Google Play Store ကနေ ဆော့ဝဲလ်ကို ရယူနိုင်သလို၊iOS စနစ်ဖုန်းဆိုရင်တော့AppleStoreကနေရယူနိုင်ပါတယ်။ဝန်ဆောင်ခကတော့၃ကီလိုမီတာကို၁၅၀၀ကျပ်ကျသင့်မှာဖြစ်ပြီး၊၃ကီလိုမီတာထက်ပိုတယ်ဆိုရင်တော့၁ကီလိုမီတာကို၂၇၀ကျပ်စီကျသင့်မှာပါ။မီးပွိုင့်မိချိန်နဲ့ကားပိတ်ချိန်မှာတော့ ၁မိနစ်ကို ၆၆ကျပ် ထပ်မံကျသင့်ပါတယ်။လေအေးပေးစက်ပါတဲ့ ကားတွေကို Taxi ယာဉ်အဖြစ်အသုံးပြုထားလို့ စိတ်အေးချမ်းသာစွာစီးနိုင်သလိုယာဉ်မောင်းသူတွေအားလုံးက လေ့ကျင့်သင်ကြားပေးထားသူတွေကြီးပါပဲ။

Go Taxi Myanmar

မိုဘိုင်းလ်ဆော့ဝဲလ်ကနေတစ်ဆင့် ကားဌားနိုင်သလို ဖုန်းနံပါတ် - ၀၉၇၇၈၇၇၈၃၃၃ ကိုဖုန်းဆက်ကာ ဆက်သွယ်ခေါ်နိုင် ကားဌားနိုင်ပါတယ်။Andtoid စနစ်ဖုန်းဆိုရင် Google Play Store ကနေ ဆော့ဝဲလ်ကို ရယူနိုင်သလို၊iOS စနစ်ဖုန်းဆိုရင်တော့ Apple Store ကနေ ရယူနိုင်ပါတယ်။ဝန်ဆောင်ခကတော့ ၃ကီလိုမီတာကို ၁၈၀၀ကျပ်ကျသင့်မှာဖြစ်ပြီး၊၃ကီလိုမီတာထက်ပိုတယ်ဆိုရင်တော့ ၁ကီလိုမီတာကို၃၀၀ ကျပ်စီကျသင့်မှာပါ။မီးပွိုင့်မိချိန်နဲ့ကားပိတ်ချိန်မှာတော့ ၁မိနစ်ကို ၃၀ကျပ် ထပ်မံကျသင့်ပါတယ်။လေအေးပေးစက်ပါတဲ့ ကားတွေကို Taxi ယာဉ်အဖြစ်အသုံးပြုထားလို့ စိတ်အေးချမ်းသာစွာစီးနိုင်သလို ခရီးသည် ကားပေါ်ရောက်တာနဲ့ယာဉ်မောင်းအချက်အလက်တွေကို ကားနံပါတ်တွေကို တစ်ပြိုင်တည်းလှမ်းပို့ပေးမှာပါ။

Hello Cab

မိုဘိုင်းလ်ဆော့ဝဲလ်ကနေတစ်ဆင့် ကားဌားနိုင်သလို ဖုန်းနံပါတ် -၀၁၉၃၃၉၁၁၁ ကိုဖုန်းဆက်ကာ ဆက်သွယ်ခေါ်နိုင်ကားဌားနိုင်ပါတယ်။Andtoid စနစ်ဖုန်းဆိုရင် Google Play Store ကနေ ဆော့ဝဲလ်ကို ရယူနိုင်သလို၊iOS စနစ်ဖုန်းဆိုရင်တော့ Apple Store ကနေ ရယူနိုင်ပါတယ်။ဝန်ဆောင်ခကတော့ ၃ကီလိုမီတာကို ၂၀၀၀ကျပ်ကျသင့်မှာဖြစ်ပြီး၊၃ကီလိုမီတာထက်ပိုတယ်ဆိုရင်တော့ ၁ကီလိုမီတာကို၂၆၃ ကျပ်စီကျသင့်မှာပါ။မီးပွိုင့်မိချိန်နဲ့ကားပိတ်ချိန်မှာတော့ ၁မိနစ်ကို ၂၀ကျပ် ထပ်မံကျသင့်ပါတယ်။လေအေးပေးစက်ပါတဲ့ ကားတွေကို Taxi ယာဉ်အဖြစ်အသုံးပြုထားလို့ စိတ်အေးချမ်းသာစွာစီးနိုင်သလိုယာဉ်မောင်းသူတွေအားလုံးက လေ့ကျင့်သင်ကြားပေးထားသူတွေကြီးပါပဲ။ခရီးသွားရင် လိုအပ်လို့ ခရီးသည်က ရပ်နားစောင့်ဆိုင်းနေချိန်အတွက် ၁၅မိနစ်ကို ၁၀၀၀ကျပ်၊မိနစ် ၃၀ကို ၂၀၀၀ကျပ်နဲ့တစ်နာရီကို ၃၀၀၀ကျပ် ထပ်ဆောင်ဝန်ဆောင်ခကျသင့်ပါတယ်.

Uber

ဒီကားဝန်ဆောင်မှုလုပ်ငန်းက နိုင်ငံတကာကပါ။မိုဘိုင်းလ်ဆော့ဝဲလ်အသုံးချကာ ၀န်ဆောင်မှုကိုရယူနိုင်ပါတယ်။မကြာသေးခင်ကမှာ မြန်မာနိုင်ငံမှာ ၀န်ဆောင်မှုပေးဖို့ မိတ်ဆက်လိုက်တဲ့ ကားအဌားဝန်ဆောင်မှုလုပ်ငန်းတစ်ခုပါ။ စဌားမယ်ဆိုရင် အရင်ဆုံး ဆော့ဝဲလ်ကိုဖွင့်ပါ။အဲ့နောက်လက်ရှိကိုယ်ရောက်နေတဲ့ နေရာကို ပြပြီး သွားလိုရာနေရာကို လမ်းကြောင်းဆွဲပါ။Set Location Map မှာထောက်ကာDone နှိပ်လိုက်ရုံပါပဲ။အဲ့နောက် ကိုယ့်စီ ကားရောက်မယ့် ခန့်မှန်းချိန်၊လက်ရှိအဲ့ကားလာနေတဲ့ လမ်းကြောင်းပြမြေပုံ၊အဆိုပါကားမောင်းသူက ကိုယ့်ကို တိုက်ရိုက်ဖုန်းခေါ်ဆက်သွယ်ကာ လာနေကြောင်းပြောဆိုမှုနဲ့အတူလာလမ်းကြောင်းပြမြေပုံကိုကြည့်ကာ စောင့်ကြည့်နိုင်ပါတယ်။ဝန်ဆောင်ခကတော့ ကားပေါ်တက်ရုံနဲ့ ၁၅၀၀ကျပ်ကျသင့်ပါတယ်။

Grab

Uber လိုပဲဒီကားဝန်ဆောင်မှုလုပ်ငန်းက နိုင်ငံတကာကပါ။မိုဘိုင်းလ်ဆော့ဝဲလ်အသုံးချကာ ၀န်ဆောင်မှုကိုရယူနိုင်ပါတယ်။စဌားမယ်ဆိုရင် အရင်ဆုံး ဆော့ဝဲလ်ကိုဖွင့်လိုက်ပါ။ဆော့ဝဲလ်မှာ မှတ်ပုံတင်ပြီးနောက်ပိုင်းEnter Pick-Up Point ကို ကိုယ်လက်ရှိရောက်နေတဲ့နေရာ၊ကိုယ့်ကို ကြိုစေချင်တဲ့နေရာ၊ကိုယ်သွားမယ်နေရာ အားလုံးကို ရွေးပြီးတာနဲ့ စုစုပေါင်းကျသင့်မယ့် ၀န်ဆောင်ခကို တစ်ခါတည်း ပြသမှာပါ။အဆင်ပြေရင်တော့ Book ကိုနှိပ်လိုက်ရုံပါပဲ။နောက်ဆုံးမှာတော့ Finding you a driver ဆိုပြီး ကားစရှာပါလိမ့်မယ်။တွေ့သွားရင်တော့ ကားသမားအမည်၊ကားနံပါတ်၊ကားအမျိုးအစား၊ကားရောက်ရှိနိုင်မယ့် အချိန်တွေကို ဆော့ဝဲလ်မှာ ပြသမှာပါ။ ကားရောက်တာနဲ့ ကားမောင်းသမားက ဖုန်းဆက်မှာပါ။


01 Jun 2017     1,500 Views




RELATED

Most Popular of Special or Others

Most Popular of Life Style