BEC-TERO TV

မြန်မာ ယူ၂၂ ပါဝင်မည့် KBZ BANK CUP 2017 လက်မှတ်ဈေးနှင့်ပွဲချိန်ထုတ်ပြန်

02 Jun 2017     1,360 Views


မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် မြန်မာ ယူ၂၂ အသင်း ဆီးဂိမ်းတွင် အောင်မြင်မှုရရှိရေး အတွက် ခြေစမ်းပွဲများနှင့် နိုင်ငံတကာ ပြိုင်ပွဲများ စီစဉ်ထားရာ မလေးရှားဆီးဂိမ်းစ် မတိုင်မီ နိုင်ငံတကာပွဲ အနည်းဆုံး (၈)ပွဲ ကစားခွင့် ရရှိထားမည် ဖြစ်သည်။

အဆိုပါ ပွဲများမှာ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် KBZ BANK CUP 2017 ပွဲစဉ်များဖြစ်သည့် ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ ဂျပန်တက္ကသိုလ်များ လက်ရွေးစင် အသင်းတို့ ပွဲစဉ်များ၊ အာရှ ယူ၂၃ ခြေစစ်ပွဲစဉ်များ ဖြစ်သည့် သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်း အသင်းတို့နှင့် ပွဲစဉ်များ၊ မလေးရှား ယူ ၂၂ အသင်းနှင့် ခြေစမ်းပွဲ၊အင်တာမီလန် လူငယ်အသင်းနှင့် ခြေစမ်းပွဲ၊ မွန်ဂိုလီယား နှင့် ခြေစမ်းပွဲတို့ ဖြစ်သည်။ ထို့အပြင် အာရှအင်အားကြီး နိုင်ငံတစ်ခုသို့လည်း သွားရောက်ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။

အနီးစပ်ဆုံးပြိုင်ပွဲအနေဖြင့် ဆီးဂိမ်းစ်အောင်မြင်ဖို့ မြန်မာ ယူ၂၂ အသင်းရဲ့ အကောင်းဆုံး ပြင်ဆင်ခြင်း
မြန်မာ၊ ဟောင်ကောင်၊ ကမ္ဘောဒီးယားနဲ့ ဂျပန်တက္ကသိုလ်များ လူငယ်တွေရဲ့ အားပြိုင်မှုကို ဇွန်လ (၂၈) ရက်နေ့မှ ဇူလိုင် (၂) ရက်နေ့အထိ KBZ BANK CUP 2017 တွင် မျက်ဝါးထင်ထင်မြင်ရမည်ဖြစ်သကဲ့သို့ပရိသတ် အများစု အလုပ်ဆင်းချိန်ဖြစ်သော ညနေ(၆း၀၀)နာရီကို မြန်မာအသင်း ကစားမယ့်အချိန်အဖြစ် ရွေးချယ်ထားပါသည်။ကွင်းဝင်ကြေးမှာရိုးရိုးတန်း (တောင်နဲ့မြောက် ပွဲကြည့်စင်)က ၁၀၀၀ ကျပ်၊ ရိုးရိုးတန်း (အနောက်ဘက်တန်း ပွဲကြည့်စင်က ၂၀၀၀ ကျပ်နဲ့ အထူးတန်းကတော့ ၃၀၀၀ ကျပ်ပဲဖြစ်သည်။

 


02 Jun 2017     1,360 Views




RELATED

Most Popular of Football

Most Popular of Sport