BEC-TERO TV

သုံးရက်အတွင်း ဆယ်ပေါင်ကျစေမယ့် စစ်တပ်တွေမှာ သုံးတဲ့နည်း

07 Jun 2017     1,481 Views


အမေရိကန် စစ်တပ်မှာ ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့ လေ့ကျင့်ပေးတဲ့အခါ သုံးလေ့ရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီလိုစားသောက်ပြီး ၃ ရက်အကြာမှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထောက်ပံ့ပေးပြီး အဆီတွေကို လောင်ကျွမ်းစေကာ စွမ်းအင်တွေ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
 
ပထမရက်
 
မနက်စာ - ပေါင်မုန့်မီးကင် တစ်ချပ် ၊ မြေပဲထောပတ် (Peanut Butter) လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၊ လက်ဖက်ရည် သို့မဟုတ် ကော်ဖီ တစ်ခွက် ၊ Grapefruit တစ်ခြမ်း ။
 
နေ့လည်စာ - ပေါင်မုန့်မီးကင်တစ်ချပ် ၊ တူနာငါး ခွက်တစ်ဝက် ၊ လက်ဖက်ရည် သို့မဟုတ် ကော်ဖီ တစ်ခွက်။
 
ညစာ - အစိမ်းရောင်ပဲ တစ်ခွက် ၊ နှစ်သက်ရာအသား ၃ အောင်စ ၊ ပန်းသီးအသေး တစ်လုံး ၊ ငှက်ပျောသီး တစ်ခြမ်း ၊ ဗန်နီလာ ရေခဲမုန့် တစ်ခွက်။
 
ဒုတိယရက်
 
မနက်စာ - ပေါင်မုန့်မီးကင် တစ်ချပ် ၊ ကြက်ဥ တစ်လုံး ၊ ငှက်ပျောသီး တစ်ခြမ်း ။
 
နေ့လည်စာ - ကြက်ဥပြုတ် ၁ လုံး ၊ Cottage Chesses တစ်ခွက် ၊ Saltine Crackers ငါးချပ်။
 
ညစာ - ကြက်အူချောင်း သို့မဟုတ် ဝက်အူချောင်းပြုတ် ၂ ချောင်း ၊ မုန်လာဥနီ ခွက်တစ်ဝက် ၊ ပန်းဂေါ်ဖီစိမ်း တစ်ခွက် ၊ ငှက်ပျောသီး တစ်လုံးရဲ့တစ်ဝက် ၊ ဗန်နီလာရေခဲမုန့် ခွက်တစ်ဝက်။
 
တတိယရက်
 
မနက်စာ - ချိစ် ၁ ချပ် ၊ Saltine Crackers ငါးချပ် ၊ ပန်းသီးအသေး တစ်လုံး ။
 
နေ့လည်စာ - ပေါင်မုန့်မီးကင် ၁ ချပ် ၊ ကြက်ဥပြုတ် ၁ လုံး ။
 
ညစာ - တူနာငါး ၁ ခွက် ၊ ငှက်ပျောသီး တစ်လုံးရဲ့တစ်ဝက် ၊ ဗန်နီလာရေခဲမုန့် ခွက်တစ်ဝက်။
 
# ကျန်းမာရေးချူချာသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
 
Source : myfoodmyanmar

07 Jun 2017     1,481 Views




RELATED

Most Popular of Health Fix

Most Popular of Life Style