BEC-TERO TV

ညသိပ်ရေနွေး အဆိပ်မဖြစ်ပါ

14 Jun 2017     1,986 Views


ညသိပ်ထားတဲ့ ရေနွေးဟာ မြွေအဆိပ်လိုပဲ လူကိုအန္တရာယ်ဖြစ်စေတယ်လို့ အွန်လိုင်းပေါ်မှ ဆောင်းပါးတစ်ပုဒ်မှာ တွေ့ခဲ့ဖူးပြီး ပြန်လည်မျှဝေသူတွေများခဲ့တဲအတွက် တစ်ညသိပ်ထားပြီးသားရေနွေးအကျန်ကို ပြန်သုံးတာ ပြန်သောက်တာဟာ အန္တရာယ်ရှိတယ်လို့ လူအတော်များများ စွဲလန်းမှတ်ယူခဲ့ကြပါတယ်။
 
ဒါဟာ မှားယွင်းတဲ့ သတင်းအချက်အလက်ဖြစ်ပြီး ညသိပ်ရေနွေး အဆိပ်မဖြစ်ကြောင်း ဆရာဝန်ဒေါက်တာတင့်ဆွေက ပြန်လည်ရေးသားရှင်းလင်းခဲ့ပါတယ်။

မေးမြန်သူ
ဆရာရှင် မသိလို့ မေးပါရစေ။ တခါက စာထဲမှာ ဘတ်မိဘူးတယ်။ မည်သူ့အဆိုလဲတော့ မမှတ်မိတော့ပါ။ ညက လက်ဖက်ရေကြမ်းကို မသောက်သင့်ဘူးတဲ့။ မြွေဆိပ်လောက် အဆိပ်ရှိတယ်လို့တင်စား ဆိုမိန့်ထားတယ်၊ နောက်ပြီး ညက ဓါတ်ဗူးထဲက ရေနွေးကိုလည်း မသုံးတင့်တော့ဘူးလဲ။ ကြားသိရတယ် အဲဒါဟုတ်ရဲ့လား။ ကျွန်မက ရေနွေးကြမ်း အမြဲသောက်တဲ့သူတယောက်ဖြစ်လို့ မှန် မမှန် သိချင်ပါတယ်။ ကျေးဇူး အထူးတင်ပါတယ်ရှင့်။
 
ဆွေးနွေးသူ (၁)
ဟုက်တယ်။ ညသိပ်ရေနွေးကြမ်းသောက်ရင် အဆိပ်သောက်နေသလိုပဲတဲ့ ဖက်ဖူးတာပါ။
 
ဆွေးနွေးသူ (၂)
လက်ဖက်ရေကြမ်းက ၆ နာရီကျော်ကြာရင်အဆိပ်ဖြစ်တယ်လို့သတင်းစာမှာ ဖတ်ဖူးတယ်ဆရာ။ ညသိပ်ရေနွေးကို မသောက်သင့်ဘူးလို့ပြောပါတယ်ဆရာ။ ဟုတ်ပါသလားဆရာ။
 
ဆွေးနွေးသူ (၃)
ညသိပ်ရေနွေးအဆိပ်ပြင်းသည်လို့ ကြားဘူးပါသည်ဆရာ။
 
ဒေါက်တာတင့်ဆွေ ပြန်လည်ဖြေကြားချက်
အဲလိုသာဆို ကျွန်တော့် ကိုယ်ထဲမှာ အဆိပ်တပီပါလောက် ရှိနေလောက်ပြီ။ ပီပါဆိုတာ ဟင်ဒီစကားဖြစ်တယ်။ ကျွန်တော်တို့ငယ်ငယ်က ဓါတ်ဆီပီပါလို့ ခေါ်တယ်။ ပီပါကိုင်းတပ်သောက်လို့ ပြောကြတယ်။ အင်္ဂလိပ်လို ဘယ်ရယ် နဲ့ ဒရမ်လို့ ခေါ်တယ်။ ကားနဲ့သယ်သွားနိုင်တာကို ဂျယ်ရီကင် ခေါ်တယ်။
 
ဗြိတိသျှ ၁ ဘယ်ရယ် = = 163.65924 Liters လီတာ။
ယူအက်စ် ၁ ဘယ်ရယ် = 158.987295 Liters လီတာ။
 
ညသိပ်ရေးနွေး ဆေးသုတေသန မတွေ့သေးပါ။ ကျွန်တော့်ကိုသာကြည့်ပါ။ အိန္ဒိယကမထွက်ခင် တကိုယ်လုံး ဆေးစစ်ရတယ်။ ယူအက်စ်ရောက်တော့လည်း ခြေစခေါင်းဆုံးဆေးစစ်တယ်။ အဆိပ်ဆိုတာ ခုထိတော့ မတွေ့သေးဟု အယူအဆအမှားတစ်ခုကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
 
Credit:ဒေါက်တာတင့်ဆွေ
 

14 Jun 2017     1,986 Views




RELATED

Most Popular of Health Fix

Most Popular of NEWS