BEC-TERO TV

သတို့သမီးတစ်ဦးကို မဖွယ်မရာပြုမှုနှင့် လူငယ်နှစ်ဦးဖမ်းဆီးခံရ

16 Jun 2017     1,695 Views


မင်္ဂလာဆောင်ခါနီးစဲစဲ သတို့သမီးတစ်ဦးကို ကားပေါ်တွင် ညှပ်ပူးညှပ်ပိတ်လုပ်ကာ မဖွယ်မရာ နှိုက်မြည်းခဲ့သည့် လူငယ်နှစ်ဦးကို လိင်စော်ကားမှုဖြင့် တရုပ်ရဲအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ကားပေါ်တွင် သတို့သမီးကို စိတ်တိုင်းကျ အနိုင်ကျင့် လိင်စော်ကားခဲ့သည့် အဆိုပါဗီဒီယိုကို “မင်္ဂလာဆောင်ကျီစယ်မှု” အမည်ဖြင့် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် အွန်လိုင်းအသုံးပြုသူများက သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။


အဆိုပါဗီဒီယိုထဲတွင် အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက ညှပ်ထားကာ ရယ်မောလျှက် တစ်ကိုယ်လုံးကို ပွတ်သပ်ခြင်း၊ ရင်သားကို ကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အတွင်းခံအဝတ်အစားများကိုပါ ဆွဲချွတ်ခဲ့ကြသည်။ တရုပ်လူမှုကွန်ယက် ဝီဘိုတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဒေါသဖြစ်ကာ တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။

ရဲများက စုံစမ်းရှာဖွေ၍ အသက် ၂၁ နှစ်အရွယ် “ဟူ” ဆိုသူနှင့် ၁၉ နှစ်အရွယ် “ချန်” ဆိုသူ အမျိုးသားလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးခဲ့သည်။ သူတို့အထဲတွင် ၁၉ နှစ်အရွယ် “ချန်” ဆိုသူမှာ သတို့သားဖြစ်ပြီး ဇွန်လ ၃ ရက်နေ့က သူတို့၏ မင်္ဂလာဆောင် ခန်းမသို့သွားလာ လမ်းတစ်လျှောက် ကားထဲတွင် သတို့သမီးကို သူ၏ အခင်ဆုံးသူငယ်ချင်းဖြစ်သူ “ဟူ”နှင့် ထိုကဲ့သို့ ပြုမှုခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။


ပြည်တွင်းသတင်းတစ်ခု၏ အဆိုအရ ကျူးလွန်ခံရသူ သတို့သမီးမှာ လူငယ်နှစ်ဦးစလုံးနှင့် ရင်းနှီးနေပြီးသားဖြစ်တဲ့အတွက် တိုင်တန်းခြင်း တရားစွဲခြင်းတို့ကို မပြုလုပ်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားသည်။
သူတို့နှစ်ယောက်လုံးကို သိတာနဲ့ သူက ဒီလိုအလုပ်ခံရောလား..?” ဟု ဝီဘိုသုံးစွဲသူတစ်ဦးက ဒေါသဖြင့် ပြောဆိုခဲ့သည်။

အဆိုပါအမှုကို ရဲကဆက်လက် စုံစမ်းနေပြီး လူငယ်နှစ်ဦးစလုံး အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကျခံဖွယ်ရာရှိကြောင်း သိရှိရသည်။
 


16 Jun 2017     1,695 Views




RELATED

Most Popular of International News

Most Popular of NEWS