BEC-TERO TV

သားအတွက် ချွေးမ၏ ဖောက်ပြန်မှုကို ဖော်ထုတ်ပေးခဲ့တဲ့ မိခင်

16 Jun 2017     1,343 Views


ကိုလံဘီယာက အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးရဲ့ နောက်ကွယ်က ဖောက်ပြန်နေတဲ့ ဇာတ်လမ်းကို ယောက္ခမဖြစ်သူက သားအတွက် မခံမရပ်နိုင်ဖြစ်ကာ အချိန်ယူ၍ စောင့်ဆိုင်းဖမ်းဆီးခဲ့ပြီး ငြင်းမရအောင် လင်ငယ်ကို ခုတင်အောက်ကနေ ကိုယ်တိုင်ဆွဲထုတ်ခဲ့ပါတယ်။

Mayra ဆိုတဲ့အမျိုးသမီးဟာ ယောက်ျားမရှိခိုက် အိမ်တွင် အခြားတစ်ယောက်နှင့် ဖောက်ပြန်နေသည်ဟု မသင်္ကာဖြစ်ခဲ့ရာမှ ခင်ပွန်း၏ မိခင်နဲ့ ဆွေမျိုးများက အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။

တစ်ရက်တွင် ယောက္ခမဖြစ်သူနှင့် မိသားစုဝင်များက မပြောမဆိုနှင့် Mayra အိမ်မှာ တစ်ယောက်ထဲကျန်ခဲ့ချိန်တွင် ရောက်လာခဲ့ပါတယ်။ ရုတ်တရက်ကြီး ယောက္ခမရောက်လာတဲ့အတွက် အမျိုးသမီးက အံ့သြသွားပြီး ဘာလာလုပ်တာလဲ..? ဘာလို့အကြောင်းကြားပြီးမှ မလာတာလဲ..? ဟုဆိုကာ ယောက္ခမကို အိမ်ထဲမဝင်ရန် တားခဲ့သည်။

ယောက္ခမက ဂရုမစိုက်ပဲ သူကိုတွန်းဖယ်ကာ နင်ဖောက်ပြန်နေတာငါတို့သိတယ်၊ အခုနင့်ရဲ့ လင်ငယ်ကို လာရှာတာဟု ဆိုကာ တစ်အိမ်လုံးအနှံ့ရှာလေးသည်။ နောက်ဆုံးမှာတော့ သူမနှင့် ဖောက်ပြန်နေသည့် အမျိုးသားကို ကုတင်အောက်တွင် ပုန်းနေတာတွေ့ရှိခဲ့ပြီး ဆွဲထုတ်ကာ ဝိုင်းဝန်း ထိုးနှက်ကြသလို Marya ကိုလည်း ယောင်းမများက ဆောင့်ဆွဲခဲ့ကြသည်။

အဆိုပါဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီး သားဖြစ်သူအတွက် အမှန်တရားဖော်ထုတ်ပေးသော မိခင်နှင့် ဆွေးမျိုးများကို ဝိုင်းဝန်းချီးကျူးလျှက်ရှိသည်။
 


16 Jun 2017     1,343 Views




RELATED

Most Popular of International News

Most Popular of NEWS