BEC-TERO TV

ဆေးရုံအထူးကုသဆောင်တွင် မိန်းကလေးတစ်ဦး အဓ္ဓမပြုကျင့်ခံရမှုကြောင့် လူထုအုံကြွမှုဖြစ်ပွား

22 Jun 2017     1,270 Views


အိန္ဒိယနိုင်ငံတွင် အထူးကုသဆောင်တွင် ဆေးရုံတက် ဆေးကုသခံယူနေသော ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို ဆေးရုံဝန်ထမ်းမှ အဓ္ဓမပြုကျင့်ခံကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီးနောက် လူထုအုံကြွမှုတစ်ရပ်ဖြစ်ပွားကာ ရဲများနှင့် ပြည်သူတို့ ပဋိပက္ခဖြစ်ပွားခဲ့သည်။

ဆယ်ကျော်သက်အရွယ် အက်ကန်ရှာဆိုသည့် မိမ်းကလေးတစ်ဦးသည် ပါတီပွဲတစ်ခုတွင် နေမကောင်းဖြစ်ကာ သတိမေ့မြောသွားခဲ့သည့်အတွက် အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ကမ်ပူရ်မြို့ ဂျာဂရီတီဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် တင်ပို့ကုသခဲ့ရသည်။

ထိုနေ့ညတွင်ပင် ဆေးရုံဝန်ထမ်းတစ်ဦးက သူမကို မူးယစ်စေတတ်သော ဆေးတစ်မျိုးတိုက်ကာ အဓ္ဓမပြုကျင့်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
ကျမကို အိုင်စီယူထဲ ပြောင်းရွှေ့ထားပြီးတဲ့အခါ ကျမအမေက အဝတ်လဲပေးခဲ့တယ်။ အဲဒီညနှောင်းပိုင်းမှာ တာဝန်ကျအမျိုးသားဝန်ထမ်းတယောက် ရောက်လာပြီး ကျမ အဝတ်တွေက စိုနေလို့ လဲဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ကျမက သူနာပြု၊ ဒါမှမဟုတ် အမေကို ခေါ်ပေးဖို့ ပြောပေမယ့် သူက ငြင်းခဲ့တယ်။ အမေကလည်း ပါတီကို ပြန်သွားခဲ့ပြီး ဘယ်သူမှ မရှိတော့ဘူးလို့ ပြောပါတယ်။ အဲဒီနောက်တော့ ကျမကို မရှက်ဖို့ပြောပြီး ရေချိုးခန်းထဲ ခေါ်သွားတနယ်။ သူ့ရှေ့မှာ အဝတ်လဲတယ်။ အဲဒီနောက် သူက ကျမခန္ဓာကိုယ်ကို ထိကိုင်ဖို့ ကြိုးစားတယ်။ ကျမ အိပ်ရာဆီ ထွက်ပြေးခဲ့တော့ သူလည်း ထွက်သွားခဲ့တယ်။ ဒါပေမယ့် သူ နောက်တကြိမ် ပြန်ဝင်လာပြီး ကျမကို ဆေးသွင်းပေးခဲ့တယ်။ အဲဒါက ကျမကို အိပ်ပျော်သွားစေတာပဲ။ ဒါကို အခွင့်ကောင်းယူပြီး သူ ကျမကို အဓမ္မပြုကျင့်ခဲ့တာပဲ။ ကျမ တခုခု မှားယွင်းနေမှန်းသိပေမယ့် ထိုးသွင်းခံထားရတဲ့ မူးယစ်ဆေးကြောင့် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

အဆိုပါသတင်းထွက်ပေါ်လာခဲ့ပြီးနောက် လူထုအုံကြွမှုဖြစ်ကာ ရဲနှင့် ပြည်သူ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူထုက ရဲများကို ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ရဲအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 


22 Jun 2017     1,270 Views




RELATED

Most Popular of International News

Most Popular of NEWS