BEC-TERO TV

အသက်ကြီးသည့် ဖခင်ကြောင့် သားသမီးများ ပိုမိုထူးချွန်ကြောင်းတွေ့ရှိ

22 Jun 2017     1,391 Views


“အသက်ကြီးမှ ကလေးယူတာ မကောင်းဘူး”၊ “သားသမီးနဲ့ အသက်အရမ်းကွာရင် ဒုက္ခရောက်မယ်နော်” စသည်ဖြင့် ပတ်ဝန်းကျင်မှာ ပြောကြဆိုကြတာတွေကို ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။
အိမ်ထောင်ပြုတာ နောက်ကျလို့ ဖြစ်ဖြစ် ဒါမှမဟုတ် အကြောင်းကြောင်းတွေကြောင့် သားသမီးယူတာ နောက်ကျနေပြီလို့ ထင်နေသူများ စိတ်ဓါတ်မကျ ကြပါနဲ့..။ ဗြိတိန်နိုင်ငံက စစ်တမ်းတစ်ခုမှာ အသက်ကြီးတဲ့ ဖခင်တွေရဲ့ သားသမီးတွေဟာ ထူးချွန်ထက်မြက်တတ်ကြောင်း သုတေသနပြုလေ့လာတွေ့ရှိခဲ့ပါတယ်။
 
အသက်ကြီးတဲ့ ဖခင်ဆိုတာ အသက် ၄၅ နှစ်အထက်မှာ သားသမီးငယ်ငယ်လေးတွေရဲ့ ဖခင်အဖြစ် ရှိနေသူတွေကို ဆိုလိုတာပါ။ ဗြိတိန်နှင့် အမေရိကန်ရှိ ဖခင်ပေါင်း ၁၅,၀၀၀ ကိုလေ့လာ စစ်တမ်းကောက်ယူခဲ့ရာမှာ အသက် ၄၅ နှစ်အထက်ဖခင်၏ သားသမီးများက အသက် ၄၅ နှစ်အောက်ဖခင်၏ သားသမီးများထက် ကျောင်းတွင် ပညာတော်ပြီး ဉာဏ်ကောင်းကာ ရည်ရွယ်ချက်မြင့်မားတဲ့ ကလေးများအဖြစ်ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။
 
အဆိုပါစစ်တမ်းဟာ ဖခင်၏အသက်အရွယ် တစ်ခုတည်းအပေါ်ကိုသာ လေ့လာခဲ့ပြီး ကလေးများအပေါ် ပတ်ဝန်းကျင်ပံ့ပိုးရိုက်ခတ်မှုကို ထည့်သွင်းထားခြင်းမရှိပေ။
စစ်တမ်းအရ အသက်ကြီးဖခင်များ၏ သားသမီးများ ပိုမိုထူးချွန်ရသည့်အကြောင်းမှာ အသက်ကြီးဖခင်များသည် လူမှုရေးအပေါင်းအသင်းများပြီး သားသမီးများ ဝါသနာပါရာကို စနစ်တစကျပံ့ပိုင်းနိုင်ပြီး သားသမီးများအတွက် ပတ်ဝန်းကျင်ကောင်းများဖြစ်အောင် ဖန်တီးနိုင်သူများ ဖြစ်သည့်အတွက် ကလေးများက ထူးချွန်ကြခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
ဒါကြောင့်မို့ အသက်ကြီးမှ အိမ်ထောင်ပြုလို့ပဲဖြစ်ဖြစ် ကလေးယူမယ်ဆိုရင် နောက်မကျသေးပဲ သားသမီးအတွက် လမ်းညွှန်ပေးနိုင်မယ့် ဖခင်ဖြစ်လာမှာမို့ ပိုလို့တောင်ကောင်းကြောင်း ဖော်ပြပေးလိုက်ပါတယ်။
 

22 Jun 2017     1,391 Views




RELATED

Most Popular of Special or Others

Most Popular of NEWS