BEC-TERO TV

ဘစ်ဒက်ခ်ျနှင့် မကျေပွဲထိုးသတ်မည့် အောင်လအန်ဆန် မြန်မာနိုင်ငံသို့ရောက်ရှိ

22 Jun 2017     1,487 Views


MMAပြိုင်ပွဲကိုမြန်မာနိုင်ငံတွင်လေးကြိမ်မြောက်ကျင်းပတဲ့ပွဲဖြစ်ပြီး၂၀၁၇ခုနှစ်အတွင်းပထမဆုံးအကြိမ်ကျင်းပသည့်ပွဲဖြစ်ပါတယ်။အောင်လအန်ဆန်အတွက်ယခုပြိုင်ပွဲက မြန်မာနိုင်ငံ၌၃ကြိမ်မြောက်လာရောက်ထိုးသတ်တဲ့ပွဲဖြစ်ပြီးယခင်ယှဉ်ပြိုင်ခဲ့တဲ့၂ပွဲမှာ၂ပွဲစလုံးအနိုင်ရရှိခဲ့ပြီးပထမယှဉ်ပြိုင်သည့်ပွဲမှာတော့ အလဲထိုးအနိုင်ရခဲ့တာပါ။

 

 

ဘစ်ဒက်ခ်ျနှင့်အောင်လအန်ဆန်ကယခုအကြိမ်တွေ့ဆုံမှုဟာဒုတိယအကြိမ်မြောက်တွေ့ဆုံတဲ့ပွဲဖြစ်ပြီးဇန်နဝါရီလကပထမအကြိမ်ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်ပွဲတွင်အောင်လအန်ဆန် က အမှတ်ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

 

 

ယခုဒုတိယအကြိမ်တွေ့ဆုံမှုတွင်အောင်လအန်ဆန်ကအချိန်ယူလေ့ကျင့်ပြင်ဆင်ထားပြီး၎င်းကိုယ်တိုင်ကလည်းမြန်မာနိုင်ငံအတွက်ချန်ပီယံခါးပတ်ဆွတ်ခူးပေးမယ်လို့ ကြုံးဝါးပြောဆိုထားပါတယ်။ထိုးပွဲပေါင်း(၁၁)ပွဲပါဝင်ပြီး အမျိုးသမီးထိုးပွဲတစ်ပွဲ ပါဝင်ပါတယ်။ဇွန်လ (၃၀) ရက်နေ့တွင် ယှဉ်ပြိုင်ရင်ဆိုင်ကြမည့် ONE Championship MiddleWeight ချန်ပီယံခါးပတ်လုပွဲ ကြိုတင်လက်မှတ်များကို စတင်ဝယ်ယူနိုင်ပါတယ်။လက်မှတ်တွေကို MRTV-4 Showroom များနှင့် MY ASIA TICKET ရုံးချုပ်တွင် ဇွန်လ ၂ ရက် မှ စတင်ကာ ဆက်သွယ်ဝယ်ယူနိုင်ပါပြီ။

** ဝယ်ယူနိုင်မည့် နေရာများ **
MRTV-4 Showrooms
 
1. မြန်မာအသံ Showroom
2. သင်္ဃန်းကျွန်း (အမှတ် ၂၀၊ လေးထောင့်ကန်လမ်းမ၊ ဇဝန)
3. မြောက်ဥက္ကလာပ (၀၉-၇၃၁၁၂၂၉၉)
4. အင်းစိန် (၀၁-၆၄၇၀၉၁)
5. ကျောက်တံတား (၀၁-၃၈၄၀၀၅)
6. တရုပ်တန်း (မဟာဗန္ဓုလလမ်းနှင့် ဘုန်းကြီးလမ်းကြား)
7. စမ်းချောင်း-၁ (ရှင်စောပုလမ်း၊ Myanmar Event Park အရှေ့)
8. စမ်းချောင်း-၂ (စမ်းချောင်းလမ်း)
9. စမ်းချောင်း-၃ (ဗားကရာလမ်း)
10. စမ်းချောင်း-၄ (ဗဟိုလမ်း၊ ညောင်တုန်းလမ်းနှင့် မအူပင်လမ်းကြား)
 
MY Asia Ticket Head Office
အခန်း (၇၀၃)၊ ရွှေသံလွင်ကွန်ဒို၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အေးရိပ်သာ ၁ လမ်း၊ ဗဟန်းမြို့နယ်။
ဖုန်း- ၀၁ ၅၄၉၂၉၇ ၊ ၀၁ ၅၅၆၈၁၇
 

LIGHT OF A NATION

MIDDLE WEIGHT WORLD CHAMPIONSHIP

AUNG LA NSANG - BIGDASH

30,6,2017

TIME - 7:00P.M

LIVE - Skynet Sport + , Skynet Sport HD


22 Jun 2017     1,487 Views




RELATED

Most Popular of Boxing

Most Popular of NEWS