BEC-TERO TV

အာဆီယံဒေသဆိုင်ရာဖိုရမ် တတိယအကြိမ်မြောက်ဆွေးနွေးပွဲ၏ ဖွင့်ပွဲကျင်းပ

22 Jun 2017     1,209 Views


အာဆီယံဒေသဆိုင်ရာဖိုရမ်ရဲ့ တတိယအကြိမ်မြောက်ဆွေးနွေးပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကိုဇွန်လ (၂၀)ရက်မှာရန်ကုန်မြို့ မယ်လီယာဟော်တယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဆွေးနွေးပွဲကို ဇွန်လ(၁၉)ရက်ကနေ(၂၁)ရက်အထိ (၃)ရက်ကြာကျင်းပပြုလုပ်နေတာဖြစ်ပြီး သံတမန်နည်းလမ်းအရ ကြိုတင်ကာကွယ်တာ၊ဖျန်ဖြေတာနဲ့ကြိုတင်အသိပေးခြင်းဆိုင်ရာကိစ်္စရပ်တွေကို အဓိကဆွေးနွေး သွားကြမှာ ဖြစ်တယ်လို့သိရပါတယ်။ ယခုတတိယအကြိမ်ဆွေးနွေးပွဲကိုတော့ မြန်မာနိုင်ငံ၊ဥရောပသမဂ်္ဂနဲ့အမေရိကန်နိုင်ငံ တို့က ပူးတွဲဥက်္ကဋ္ဌတွေအဖြစ်ဆောင်ရွက်နေတာ ဖြစ်တယ်လို့သိရပါတယ်။

အာဆီယံဒေသတွင်း ဖြစ်ပွားလာနိုင်ဖွယ်ရှိတဲ့ ပဋိပက္ခတွေကို အာဆီယံဒေသဆိုင်ရာ ဖိုရမ်အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်းကြိုတင်အသိပေးနိုင်ဖို့၊ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာနည်းလမ်းတွေနဲ့ အတွေ့အကြုံတွေကိုမျှဝေဖို့ ယခုဆွေးနွေးပွဲကိုကျင်းပတာဖြစ်တယ်လို့သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားကိုနိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ်္ဂိုလ်ဦးသောင်းထွန်း၊အာဆီယံဒေသဆိုင်ရာ ဖိုရမ်အဖွဲ့ဝင်နိုင်ငံတွေက အဆင့်မြင့်အရာရှိကြီးတွေ၊ကိုယ်စားလှယ်တွေနဲ့ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေအပါအ၀င် လူဦးရေ(၁၀၀)ခန့် တက်ရောက် ကြတယ်လို့သိရပါတယ်။အာဆီယံဒေသဆိုင်ရာဖိုရမ်ကို အာဆီယံနဲ့အာရှပစိဖိတ်ဒေသမှာ ရှိတဲ့ နိုင်ငံတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့ဝင်(၂၇)နိုင်ငံပါဝင်တယ်လို့သိရပါတယ်။


22 Jun 2017     1,209 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS