BEC-TERO TV

အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာကိုပြည်ထောင်စု လွှတ်တော်မှတ်တမ်းတင်ဖို့ သဘောတူ

22 Jun 2017     1,231 Views


အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့ (၆)လအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သတ်လို့ ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်းတင်ပြခဲ့တဲ့ အစီရင်ခံစာကိုမှတ်တမ်းတင်ထားရှိပေးဖို့ ပြည်ထောင်စုလွှတ်တော်ကသဘောတူလိုက်တယ်လို့သိရပါတယ်။ အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေကို လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး ဇွန်လ၂၀ရက်က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လာရောက်ရှင်းလင်းတင်ပြခဲ့တာပါ။

အစီရင်ခံစာမှာ အမျိုးသားပညာရေးမူဝါဒကော်မရှင်အနေနဲ့ ၂၀၁၆ အောက်တိုဘာ လကနေ ၂၀၁၇ ဧပြီလအထိ ဆောင်ရွက်ခဲ့တာတွေပါဝင်တယ်လို့သိရပါတယ်။ကော်မရှင်အနေနဲ့ (၆)လအတွင်း ပညာရေးဆိုင်ရာမူဝါဒများချမှတ်နိုင်ရေးကိစ္စတွေ၊သင်ရိုးညွန်တမ်းစံများ ရေးဆွဲနိုင်ရေး နဲ့သင်ရိုးညွန်းတမ်းအသစ်များ ရေးဆွဲနိုင်ရေးကိစ်္စတွေ၊စာမေးပွဲလေ့လာဆန်းစစ်ခြင်း ကိစ္စတွေ အပါအ၀င် ဆရာ၊ဆရာမများရာထူးတိုးပြောင်းရွှေ့ခြင်းကိစ္စတွေမှာ လုပ်ဆောင်ခဲ့တာတွေ ပါဝင်တယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်ကနေ အမျိုးသား ပညာရေးဥပဒေအခန်း(၄)ပုဒ်မ(၅)အရ အတည်ပြုဖွဲ့စည်းထားတာဖြစ်ပြီး အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးကဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


22 Jun 2017     1,231 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS