BEC-TERO TV

လှည့်ဖျားခေါ်ဆောင်ကာ အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရသူ ၁၁ နှစ်အရွယ် မိန်းကလေး

23 Jun 2017     1,238 Views


အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓ္ဓမပြုကျင့်ကာ သတ်ဖြတ်ခဲ့ပြီး ချွန်ဘူရီဒေသရှိ တောထဲတွင် အစဖျောက်ခဲ့မှုဖြင့် အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ထိုင်းရဲများက ဖမ်းဆီးလိုက်ပါတယ်။

ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးဖြစ်သူ Wichai Chotsena ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က စစ်ဆေးမေးမြန်ခဲ့ရာတွင် အစပိုင်း၌ မိန်းကလေးမှာ သူ၏ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ သူမကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုရှိခဲ့ပေမယ့် အဓ္ဓကျူးလွန်ခြင်းမရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ညပိုင်းက မိန်းကလေး၏ ဖခင်ဖြစ်သူက သူ့သမီး နာရီအတော်ကြာပျောက်ဆုံးနေကြောင်း ရဲစခန်းသို့ သတင်းပို့တိုင်ကြားခဲ့ပြီးနောက် ရဲအဖွဲ့က နှံ့နှံ့စပ်စပ်ရှာဖွေခဲ့ရာ ချွန်ဘူရီဒေသရှိ တောထဲတွင် စွန့်ပစ်ထားသော မိန်းကလေး၏ အဝတ်အစား ကင်းမဲ့နေသော အလောင်းကို  ဗုဒ္ဓဟူးနေ့ ည ၈ နာရီအချိန်ခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ည်။

ရဲအဖွဲ့က သတင်းအစအနကို စုံစမ်းခဲ့ရာ အင်္ဂါနေ့ ညနေပိုင်းက ကလေးမလေး၏ ကျောင်းရှေ့တွင် ဖခင်ဖြစ်သူ၏ သူငယ်ချင်းက ဆိုင်ကယ်နှင့် တင်ခေါ်သွားခဲ့ကြောင်း သတင်းရရှိခဲ့သဖြင့် တရားခံကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

အလောင်း၏ ဆေးစစ်ချက်တွင် အဓ္ဓမပြုကျင့်ခံထားရကြောင်း အဖြေထွက်ရှိလာပြီးနောက် တရားခံမှာ ငြင်းကွယ်နိုင်ခြင်းမရှိပဲ အဖြစ်မှန်ကို ဝန်ခံခဲ့ရသည်။
အင်္ဂါနေ့ညနေပိုင်းက မိန်းကလေးကို ကျောင်းကနေ အိမ်ပြန်ပို့ပေးမည်ဟုဆိုကာ မော်တော်ဆိုင်ကယ်နှင့် တင်ခေါ်သွားခဲ့ပြီးနောက် အိမ်ပြန်မပို့ပဲ တောထဲသို့ ခေါ်ဆောင်သွားကာ အဓ္ဓမပြုကျင့်ခဲ့ခြင်းဖြစ်သည်။ ထိုနောက် မိန်းကလေးက ထွက်ပေးရာ နောက်ကနေ လိုက်ဖမ်းခဲ့ပြီးနောက် လည်မြိုညှစ်သတ်ခဲ့ခြင်းဖြစ်သည်။

သတ်ပြီးနောက် မိန်းကလေး ဘယ်သူဘယ်ဝါ ဖြစ်သည်ကို မသိရှိနိုင်စေရန် အဝတ်အစားများကို ချွတ်ယူကာ တောထဲတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။


23 Jun 2017     1,238 Views




RELATED

Most Popular of International News

Most Popular of NEWS