BEC-TERO TV

အင်ဂျင်တစ်လုံးထဲနဲ့ ပြန်လှည့်လာခဲ့ရတဲ့ AirAsia လေကြောင်း ထိန့်လန့်ဖွယ်ရာရုပ်သံ

26 Jun 2017     1,300 Views


ဇွန်လ ၂၅ ရက်နေ့က သြစတေးလျနိုင်ငံ ပါ့သ်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ပျံသန်းလာသော AirAsia လေကြောင်းလိုင်းသည် ပျံသန်းချိန် ၁ နာရီခွဲခန့် ကြာမြင့်ပြီးမှ လေယာဉ်၏ အင်ဂျင်တစ်လုံးချို့ယွင်းသွားတဲ့အတွက် လမ်းခုလတ်မှ ပြန်လှည့်လာခဲ့ရပြီး လေယာဉ်ပျက်ကျတော့မည့် အခြေအနေမှ သီသီလေးလွတ်ကင်းခဲ့ရပါတယ်။

ခရီးသည် ၃၅၉ ဦးတင်ဆောင်လာသည့် A300 အမျိုးအစား AirAsia လေကြောင်း ခရီးစဉ်အမှတ် D7237သည် သြစတေးလျနိုင်ငံ ပါ့သ်မြို့မှ နံနက် ၇ နာရီတွင် ထွက်ခွာခဲ့ပြီးနောက် လမ်းခုလတ်အရောက် နံနက် ၈ နာရီခွဲအချိန်ခန့်တွင် လေယာဉ်အင်ဂျင်တစ်လုံးချို့ယွင်းသွားကာ လေယာဉ်တစ်စီးလုံး တုန်ခါနေခဲ့သည်။
လေယာဉ်ပေါ်ပါ ခရီးသည်များ၏ အဆိုအရ အဝတ်လျှော်စက်ထဲ ဝင်ထိုင်နေရသကဲ့သို့ အသံတွေမြည်ကာ တစ်စီးလုံးတုန်ခါနေကြောင်း ပြောဆိုခဲ့သည်။ လေယာဉ်သည် အချိန်မရွေး ပျက်ကျသွားနိုင်သည့် အနေအထားဖြစ်ကာ ခရီးသည်များ အထိတ်တလန့်ဖြစ်ခဲ့ကြရသည်။

လေယာဉ်မှူးမှ ပြန်လည်ထိန်းကြောင်းပြီး သြစတေးလျ ပါ့သ်လေဆိပ်ကို ပြန်လည် မောင်နှင်ခဲ့ရာ နံနက် ၁၀ နာရီတွင် ခက်ခက်ခဲခဲဖြင့် အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်။
လေယာဉ်ဆင်းသက်ချိန်တွင် ခရီးသည်များက လက်ခုတ်သြဘာများပေးခဲ့ကြပြီး အချို့က သူတို့ အိမ်ပြန်နိုင်တော့မည်ပင် မထင်ကြကြောင်း ငိုယိုခဲ့ကြသည်။


လေယာဉ်စက်ချို့ယွင်းနေချိန်တွင် ခရီးသည်များရိုက်ကူးထားသည့် ဗီဒီယိုက အမှန်တစ်ကယ်ပင် ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။ AirAsia အနေနှင့် အဆိုပါ ဖြစ်စဉ်အပေါ် ကြောညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

 


26 Jun 2017     1,300 Views




RELATED

Most Popular of International News

Most Popular of NEWS