BEC-TERO TV

လူသားမျိုးနွယ်နဲ့မျောက်မျိုးနွယ်ကြား သွေးမြေကျတိုက်ပွဲ စတင်လေသောအခါ…

29 Jun 2017     3,117 Views


Planet of the Apes ဇာတ်လမ်းတွဲကိုပြန်လည်ဆန်းသစ်အသက်သွင်းတဲ့ဒီဇာတ်ကားက လက်ရှိမှာ၃ကားမြောက်ပါ။ ၂၀၁၁ ခုနှစ်လောက်က Rise of the Planet of the Apes ၊၂၀၁၄ က ထွက်ခဲ့တဲ့ Dawn of the Planet of the Apes ပြီးနောက်ပိုင်း အခုတစ်ဖန် War for the Planet of the Apes ထွက်ရှိလာခဲ့တာပါ။

Rise of the Planet of the Apesမှာဆီဇာဆိုတဲ့ မျောက်တွေရဲ့ခေါင်းဆောင်ဖြစ်တည်မှုကိုအသားပေးရိုက်ကူးခဲ့ပါတယ်။ Dawn of the Planet of the Apes မှာတော့ လူတွေအခက်အခဲနဲ့မျောက်တွေရဲ့တည်ရှိမှုကြားက ယှဉ်ပြိုင်မှု အမုန်းတရားပွားစစ်စတင်ခြင်း ကို အလေးပေးဖော်ပြခဲ့ပါတယ်။ ဒီတစ်ခေါက် War for the Planet of the Apes မှာတော့ စစ်ပွဲစိမ်ခေါ်သံဖြစ်လို့လာပါပြီ။(ဒါက အပိုင်း ၃ပိုင်းဆက်နွယ်မှုပါ)

ယခင်ဇာတ်ကားအပိုင်း ၂ ဖြစ်တဲ့ Dawn of the Planet of the Apes ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ Matt Reeves က War for the Planet of the Apes ဇာတ်ကားကို ရေးသားရိုက်ကူးထားပါတယ်။War for the Planet of the Apes ဇာတ်လမ်းအရ လူတွေကို မျောက်တွေက စစ်ကြေငြာလိုက်တဲ့နောက်ပိုင်းမှာတော့ မျောက်ခေါင်းဆောင် ဆီဇာတစ်ယောက် ကိုယ့်မျိုးနွယ်ကို ကိုယ်တိုင်ကာကွယ်ဖို့ စစ်ပြင်ဆင်ပါတော့တယ်။ တစ်ဘက်မှာလည်း ပထမအကြိမ်စစ်ပွဲမှာတင်ရှုံးနိမ့်သွားတဲ့ လူသားမျိုးနွယ်ထုကြီးကလည်း စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်အတွက် ချီတက်လာပါတယ်။ မျိုးနွယ်စုနှစ်စုကြားက သွေးမြေကျတိုက်ပွဲ စတင်လေသောအခါ…

(14.7.2017) ရုံတင်မှာပါ။ဇာတ်ကားတစ်ကားအရှိန်အဝါကြီးတယ်ဆိုတာ အဲ့ဇာတ်ကားအပေါ် တိုက်ရိုက် သက်ရောက်စေတဲ့ အနုပညာရှင်ကြိုးစား အားထုတ်မှုကြောင့်ဖြစ်တည်လာတာပါ။

ဒီဇာတ်ကားကတော့ ၂၀၁၇ မှာ ကျိန်းသေပေါက် Admin ကြည့်မယ့်ဇာတ်ကားပါ။အထူးတိုက်တွန်းလိုတာကတော့ ရုပ်ရှင်ရုံမှာ ကြည့်စေလိုပါတယ်။ဘာလို့လဲဆိုတော့  ကြီးကျယ်ခမ်းနားမှုကို အပြည့်အဝ ခံစားစေလိုတာကြောင့်ပါ။ (ဒါက Admin ဒီဇာတ်ကားအပေါ် ခံစားချက်ပါ။)

 


29 Jun 2017     3,117 Views




RELATED

Most Popular of Movies

Most Popular of NEWS