BEC-TERO TV

ကော်ဖီမှာကိုယ့်ပုံကိုယ်ပုံဖော်လို့ ရတဲ့ ကော်ဖီဆိုင်

03 Jul 2017     1,426 Views


ရန်ကုန်မြို့ကြီးထဲက ကော်ဖီဆိုင်တွေအများကြီးရှိတဲ့ အထဲက ပုံစံအသစ်လေးနဲ့ ကော်ဖီသောက်လို့ အဆင်ပြေတဲ့ ဆိုင်လေးတစ်ဆိုင်ကိုပြောပြချင်ပါတယ် ။ Beyond Caféဆိုတဲ့ဆိုင်လေးပေါ့(မနက် ၁၀နာရီကနေ ည၁၀နာရီထိဖွင့်ပါတယ်) ။

ကော်ဖီသိပ်မကြိုက်တဲ့ သူတွေတောင်  Beyond Café မှာ တစ်ယောက်ထဲပုံဖော်မလား(or) ချစ်သူတွေရဲ့နှစ်ပတ်လည်အနေနဲ့ရော နှစ်ယောက်တွဲ ပုံလေးဖော်ကြည့်မလား…..ခုလိုဘ၀ရဲ့အမှတ်တရပုံရိပ်လေးတွေကို ကော်ဖီပေါ်မှာမြင်ရတော့ခံစားချက်လေးက တမျိုး ကြည်နူးစရာလေးပါ ။
ဆိုင်မှာDrink Menuအနေနဲ့ကအစုံရှိပါတယ်..ဒီထဲကမှုပုံဖော်ချင်ရင်တော့
(Cappuccino (၂၅၀၀),Latte (၂၅၀၀), Mocha (၂၉၀၀) ဒီသုံးမျိုးထဲက မှာမှရပါတယ် ကော်ဖီဖိုးသာယူပြီး ပုံဖော်ခfree ပါတဲ့  ။ 

Menuအနေနဲ့က ကော်ဖီအပူ၊အအေးမျိုးစုံ၊Thai Food၊ Western Food၊ Burger & Sandwich၊ Salad၊Pasta၊ Soupsတွေ မှာစားလို့ရပါတယ်... ဈေးနှုန်းအနေနဲ့အမျိုးမျိုး၇ှိပါတယ်လို့ သိရပါတယ်။ ဆိုင်လိပ်စာကတော့ အင်းယားလမ်းနဲ့ပြည်လမ်းထောင့်မှာရှိတဲ့ Ruby Garden Hotel ၀င်းအတွင်းရှိပြီး
ကားParkingလည်း နေရာကျယ်ပါတယ် ။


.

Photo credit:Hla Yamone oo


03 Jul 2017     1,426 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment