BEC-TERO TV

သေကံမရောက်၊သက်မပျောက်ခဲ့တဲ့ ဌက်တွေပေးတဲ့ အန္တရာယ်ဆိုး

05 Jul 2017     1,292 Views


AirAsia လေကြောင်းလိုင်းမှ AirAsia လေယာဉ် D7 207 လေယာဉ်ဇူလိုင်လ ၃သြစတြေးလျနိုင်ငံ Gold Coastမှမလေးရှားနိုင်ငံကွာလာလမ်ပူသို့ဦးတည်ပျံသန်းလာခဲ့စဉ်ပျံတက်ပြီးများမကြာမီမှာပင်ငှက်အုပ်နှင့်ဝင်တိုက်ခဲ့မိခြင်းကြောင့် လာရာလမ်းအတိုင်း ပြန်လှည့်ကာအရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်လိုက်သည်။ခရီးသည် ၃၄၅ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ တို့လိုက်ပါခဲ့သည့် အဆိုပါလေယာဉ်မှာ သြစတြေးလျနိုင်ငံ ဘရစ္စဘိန်း လေဆိပ်သို့ ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်ဟု သိရသည်။

" ဒီဖြစ်စဉ် ဖြစ်ပြီးနောက် စစ်ဆေးမှုတွေလုပ်ခဲ့ရာမှာတော့ လေယာဉ်ပြေးလမ်းပေါ်မှာတင် ငှက်သေနှစ်ကောင် တွေ့ခဲ့ပါတယ်" ဟု AirAsia ၏ အကြီးအကဲတစ်ဦးဖြစ်သည့် ဘန်ယမင် အစ္စမေးလ်က ပြောသွားခဲ့သလို ဖြစ်စဉ်ကြောင့်ယင်းလေယာဉ်ပေါ် လိုက်ပါခဲ့သည့် ခရီးသည်များကိုလည်း တစ်ခြားအထူးလေယာဉ်တစ်စင်းဖြင့် ပြောင်းလဲစီစဉ်ပို့ဆောင်ပေးရန် လုပ်ဆောင်ခဲ့ရကြောင်း ဆိုခဲ့ပါတယ်။


05 Jul 2017     1,292 Views




RELATED

Most Popular of International News

Most Popular of NEWS