BEC-TERO TV

လာမည့် ၂၀၃၀ တွင် မော်တော်ဆိုင်ကယ်စီးနင်းခွင့် ဟနွိုင်းတွင်ပိတ်ပင်မည်

06 Jul 2017     1,319 Views


ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းခွင့်ကို တစ်ဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ပြီး ၂၀၃၀ ခုနှစ်တွင် လုံးဝပိတ်ပင်ရန် မနေ့က ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

လူဦးရေ ၇ သန်းခန့်ရှိသော မြို့တော်တွင် ဆိုင်ကယ်စီးသူဦးရေ ၅ သန်းကျော်ရှိနေပြီး ကားအသုံးပြုသူ ၅ သိန်းခန့်နှင့် နှိုင်းစာလျှင် အလီန်များပြားသော ပမာဏဖြစနေသည်။ နေစဉ်မြို့တွင်း လမ်းမများပေါ်တွင် ဆိုးရွားသော ယာဉ်ကြောပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသည့် ဝေဖန်ပြောဆိုမှုများ ရှိနေသည့်အတွက် မြို့တော်ကောင်စီဝင်များ အစည်းအဝေးကျင်းပခဲ့ရာ စုစုပေါင်း ၉၆ မြို့တွင် ၉၅မြို့က ၂၀၃၀ တွင်မော်တော်ဆိုင်ကယ်များ အပြီးသတ် ပိတ်ပင်မှုကို လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြသည်။


“အနာဂတ်တွင် ယာဉ်ကြောပိတ်ဆို့မှုနဲ့ လေထုညစ်ညမ်းမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်လာစေနိုင်တဲ့အတွက် အခုကစပြီး ချက်ခြင်းစီမံဆောင်ရွက်ရမည်” ဟု အစိုးရဝဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် ဆိုင်ကယ်စီးသူများအတွက် အဆင်ပြေစေရန် လိုင်းကားများ ထပ်မံတိုးမြှင့်ရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။ မိုးပျံရထား ဆောက်လုပ်မှုမှာ နှောင့်နှေးနေသော်လည်း နောက်နှစ်တွင် အပြီးသတ်တည်ဆောက် ဖွင့်လှစ်သွားမည်ဖြစ်သည်။
 


06 Jul 2017     1,319 Views




RELATED

Most Popular of International News

Most Popular of NEWS