BEC-TERO TV

တစ်နေ့ ကော်ဖီသုံးခွက် ပုံမှန်သောက်ခြင်းက အသက်ပိုရှည်နိုင်

11 Jul 2017     1,498 Views


ဗြိတိသျှ သုတေသီ အဖွဲ့နှင့် အမေရိကန် သုတေသီအဖွဲ့ နှစ်ဖွဲ့တို့ သီးခြားစီ လေ့လာစမ်းစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် တစ်နေ့လျှင် ကော်ဖီသုံးခွက် ပုံမှန်သောက်ခြင်းက အသက်ပိုရှည်နိုင်ကြောင်း ရလာဒ်တစ်ခုထဲကို ထူးခြားစွာ တွေ့ရှိခဲကြသည်။

စမ်းသပ်ချက်အရ တစ်နေ့ကို ကော်ဖီ သုံးခွက်ထက် ပိုမိုသောက်သုံးသူများသည် အချိန်မတိုင်မီ သေဆုံးမှု အန္တရာယ်မှ လျှော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သုတေသန စာတမ်းများအရ အသည်းရောဂါ၊ သွေးလည်ပတ်မှု ပြဿနာများနှင့် အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်မှုကို ကော်ဖီက လျှော့ချပေးနိုင်ကြောင်း စပ်ဆက်တွေ့ရှိခဲ့သည်။

ဤကဲ့သို့သော အကျိုးသက်ရောက်မှုများမှာ ကော်ဖီတွင်ပါဝင်သော ကဖိန်းဓါတ်ထက် အန်တီအောက်ဆီဒင့် ဓါတ်ပေါင်းကြောင့်သာ ဖြစ်ကြောင်း ပညာရှင်များက ယုံကြည်ထားကြသည်။
ကဖိန်းဓါတ် ထုတ်ထားသော ကော်ဖီကို သောက်သုံးပါကလည်း အလားတူ အကျိုးထူးများ ရရှိမှာဖြစ်သည်။
ကော်ဖီဟာ အသည်းရဲ့ လုပ်ဆောင်ချက်တွေကို ပိုကောင်းလာစေပြီး ရောင်ရမ်းမှုကို လျှော့ချပေးကာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ကြောင်းလည်း တွေ့ရှိထားသည်။

အင်ပီယီရဲလ်ကောလိပ် လန်ဒန်နဲ့ ယူအန် အင်တာနေရှင်နယ် အေဂျင်စီ တို့ပူးပေါင်း၍ နိုင်ငံပေါင်း ၁၀ နိုင်ငံက အသက် ၃၅ နှစ်အထက် ကင်ဆာလူနာပေါင်း ၅၂၀,၀၀၀ ကျော်ကို ၁၆ နှစ်တာ သုတေသနပြုခဲ့ပါတယ်။
တစ်နေ့မှာ ကော်ဖီ သုံးခွက် သောက်လေ့ရှိတဲ့ လူနာများဟာ အခြားလူနာများထက် ၁၈% အသက်ပိုရှည်နေသွားရတာကို တွေ့ရှိခဲ့ပါတယ်။

ကော်ဖီမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဓာတ်ပေါင်းများပါဝင်တာကြောင့် ကော်ဖီသောက်သုံးသူက ကော်ဖီမသောက်သူထက် ပိုမိုကျန်းမာကြောင်း သုတေသီများ တွေ့ရှိခဲ့သည်။

ကျီန်တော်တို့က လူတွေကို ကော်ဖီလျှော့သောက်ပါ၊ ပိုသောက်ပါလို့ တိုက်တွန်းနေတာမဟုတ်ပါဘူး။ အတန်အသင့်သောက်သုံးခြင်းက ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်လို့ ပြောချင်တာပါ။ တစ်နေ့ကို ကော်ဖီ သုံးခွက်သောက်သုံးလို့ မနစ်နာတဲ့အပြင် ကျန်မာရေးအကျိုးကျေးဇူးရစေမှာပါ” ဟု သုတေသန အဖွဲ့မှ Dr Gunter က ပြောကြားခဲ့သည်။

ဒါကြောင့်မို့ ကော်ဖီကို နံနက် ၁ ခွက်၊ နေ့လည် ၁ ခွက်၊ ညပိုင်း ၁ ခွက် မှန်မှန်သောက်သုံးရင်း အသက်ရှည်ရှည် နေကြရအောင်။
 


11 Jul 2017     1,498 Views




RELATED

Most Popular of Special or Others

Most Popular of Life Style