BEC-TERO TV

စကိတ်စီးအားကစားသမား ၅ ဦးကို လူအယောက် ၂၀ က လှည်းတန်းခုံးကျော်တံတားအောက်တွင် ရိုက်နှက်

17 Jul 2017     1,389 Views


ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းတွင် စကိတ်စီးလေ့ ကျင့်နေသည့် လူငယ်၅ ဦးကို အမျိုးသား ၂၀ ကျော်က ဝင်ရောက် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ရိုက်နှက်ခံရသည့် အမျိုး သား ၅ ဦးသည် ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီခန့်တွင် စကိတ်စီး လေ့ကျင့်နေစဉ် အမည်မသိအမျိုးသား ၂၀ ခန့်က ဝိုင်းဝန်းရိုက်နှက်ခြင်းဖြစ်ပြီး ရိုက်နှက်သူ အမျိုးသားများထဲမှ အသက်(၁၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကမာရွတ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြော သည်။

ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် စံရိပ်ငြိမ်ဂမုန်းပွင့်မှာ ရုပ်ရှင်ကြည့်ဖို့ ထွက်လာတာပါ။ ရုပ်ရှင်ချိန်မမီလို့ လှည်းတန်းစင် တာ ရောက်လာတယ်။ အဲဒီမှာ အသိအစ်ကိုတစ်ယောက် စကိတ်စီးတဲ့ကောင်တွေ မနေ့က ငါ့ကိုပြဿနာရှာထားတယ်။ သွားရိုက်မယ် လိုက်ခဲ့ပြောလို့ လိုက်သွားတာပါ။ အားလုံး အယောက်နှစ်ဆယ်ကျော်လောက်တော့ ရှိတယ်။ ကျန်တဲ့သူတွေတော့ ဘယ်ကသူတွေလည်း မသိပါဘူး” ဟု ဖမ်းဆီးရမိသူ (၁၈)နှစ်အရွယ်အမျိုးသားကပြောသည်။


ရိုက်နှက်ခံရသူ အမျိုးသား ငါးဦးသည် ယခုနှစ် ၁၀ လပိုင်းအ တွင်း မလေးရှားနိုင်ငံတွင် ကျင်းပ မည့် ခြောက်နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စကိတ်စီး လေ့ကျင့်နေသူများဖြစ် ကြောင်း စကိတ်စီးအသင်းဥက္ကဋ္ဌ ကိုလွင်လတ်ကပြောသည်။


ကလေးတွေ အရိုက်ခံရတယ်သိမှ ရဲစခန်းရောက်တာပါ။ နှစ်ယောက်ကတော့ ဦးနှောက်နဲ့ အာရုံကြောမှာ စစ်နေတယ်။ ကျန်တဲ့သုံးယောက်တော့ ဘာမှမစိုးရိမ်ရဘူးလို့သိရတယ်။ မိထားတဲ့တစ်ယောက်ကိုလည်း စကိတ်စီးတဲ့သူတွေ ဝိုင်းဖမ်းထားတာပါ။ ဆေးစာရမှ အမှုဖွင့်လို့ရမယ်ဆိုလို့ အခု ည ၉ နာရီအချိန်ထိ အမှုမဖွင့်ရသေးပါဘူး” ဟု ၎င်းက ပြောသည်။


ယင်းနေရာတွင် စကိတ် ကွင်းမရှိသဖြင့် မိမိတို့ကိုယ်ပိုင်ငွေဖြင့် ယခင်အစိုးရလက်ထက်၌ စည်ပင်ဥက္ကဋ္ဌများထံ အကူအညီတောင်းကာ စကိတ်စီးလေ့ကျင့်နိုင်ရန် နေရာတောင်းထားခြင်းဖြစ်ကြောင်း စကိတ်စီးအသင်းမှ ကိုရဲဇော်က ပြောကြား သည်။


ကျွန်တော်တို့ ကလေးတွေ ခဏခဏအရိုက်ခံရတယ်။ ရဲစခန်းသွားတိုင်လည်း ဒဏ်ရာကြီး ကြီးမားမား မရတဲ့အတွက် ဒီအတိုင်း ကျေအေးလိုက်တယ်။ ဒီတစ်ခါတော့ တော်တော်ထိသွား တယ်။ မနေ့ကတော့ ဒီအတိုင်းစကိတ်လာစီးတဲ့ ကလေးတစ် ယောက်နဲ့ စကားများလို့ ဝင်တော့ ဖြေရှင်းပေးလိုက်တယ်။ သူဟုတ်၊ မဟုတ်တော့ သေချာမသိရသေး ပါဘူး” ဟု ၎င်းကပြောသည်။


စကိတ်စီး လေ့ကျင့်နေစဉ် ရိုက်နှက်ခံရသည့် အမျိုးသားငါး ဦးတွင် မြအောင်ပိုင်၊ နေသူလှိုင်၊ ပြည့်ဖြိုးအောင်တို့သည် သာမန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း စိုးထက်ဦးနှင့် ဖြိုးမောင်မောင်တို့ သည် ဦးခေါင်းနှင့်မျက်နှာ၌ ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။

7DayDaily

 


17 Jul 2017     1,389 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS