BEC-TERO TV

လူတိုင်းမလွဲမသွေ သိထားသင့်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၂၅)ချက်

17 Jul 2017     3,020 Views


အသက်၊သွေး၊ချွေး..အရာရာအနစ်နာခံခဲ့သူကြီး..သွားလေသူဗိုလ်ချုပ်အောင်ဆန်းကိုတော့ လွမ်းမိပါရဲ့..လွမ်းနေရုံနဲ့တော့ မပြီးပါဘူးလေ..ဗိုလ်ချုပ်ကိုချစ်ရင် ဗိုလ်ချုပ်စကားနားထောင်ရမှာပေါ့..အထူးသဖြင့် ဗိုလ်ချုပ်ဖြတ်သန်းရာဘ၀ကို နားလည်မှ ဗိုလ်ချုပ်စကားတွေကို အမှတ်ရမိမှာပါ။ ဒါကြောင့် ဗိုလ်ချုပ်အကြောင်း လူတိုင်းသိထားသင့်တဲ့ အချက်(၂၀) ကို တစ်ချက်ခြင်းဖော်ပြပေးလိုက်ပါတယ်။

၁။ ။ မကွေးတိုင်း၊နတ်မောက်မြို့နယ်နေ ရှေ့နေဦးဖာ(လယ်သမားမျိုးရိုး) မိခင်ဒေါ်စုတို့မှ ၁၉၁၅ဖေဖေါ်ဝါရီ(၁၃)စနေနေ့မှာဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့ပါတယ်။


၂။ ။ ဗိုလ်ချုပ်က မွေးချင်းညီအကိုမောင်နှမ (၆) ဦး (ကလေးဘဝကပင် ကွယ်လွန်ကြသူများအပါအဝင်ဆိုလျှင် မွေးချင်း - ၉ ဦး) အနက်အငယ်ဆုံး ဖြစ်ပါတယ်။


၃။ ။ ဗိုလ်ချုပ်အောင်ဆန်း၏အဖိုးဖြစ်သူကတော့ ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့တဲ့ ဗိုလ်လရောင်” ခေါ် “ဦးမင်းရောင် ဖြစ်ပြီးသူကတော့ မိခင်ဒေါ်စုရဲ့ ဦးလေးပါ။


၎။ ။ဇာတာတွင်ပါရှိတဲ့ဗိုလ်ချုပ်အမည်ကတော့ ‘မောင်ထိန်လင်း’ ပါ။ မိဘတွေက အကိုဖြစ်သူ အောင်သန်း နဲ့ လိုက်ဖို့အတွက် အောင်ဆန်း လို့ခေါ်ခဲ့ပါတယ်။ တို့ဗမာအစည်းအရုံးဝင်ရောက်တဲ့အခါ သခင်အောင်ဆန်း ဖြစ်လာခဲ့တာပါ။သခင်အောင်ဆန်းရဲ့တရုတ်အမည်ကထန်လုရှိုဖြစ်ကာ၊ ဂျပန်အမည်ကတော့ အိုမိုဒါမွန်ဂျိ ပါ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရဲဘော်သုံးကျိတ်ဝင်တွေ ဗိုလ်အမည်ခံရာမှာတော့ ဗိုလ်တေဇ ဖြစ်လာခဲ့ပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားခဲ့သလို တော်လှန်ရေးကာလအတွင်းမှာ အသုံးပြုခဲ့တဲ့လျှို့ဝှက်အမည်တွေက ဦးနောင်ချို၊ မျိုးအောင် ဖြစ်သလို ထောက်လှမ်းရေးရှေ့ပြေးဖြစ်တဲ့ ဗိုလ်နေဝင်းနဲ့ဆက်သွယ်ခဲ့တဲ့ လျှို့ဝှက်အမည်က ကိုစက်ဖေပါ။ အရိုင်း၊ ငမိုး အစရှိသလို မိတ်ဆွေ၊ သူငယ်ချင်းတွေက ချစ်စနိုးနဲ့နောက်ပြောင်ခေါ်တဲ့အမည်တွေလည်းရှိပါတယ်။


၅။ ။ ဗိုလ်ချုပ်ငယ်စဉ်က စကားပြောနောက်ကျခဲ့လို့ မိသားစုတွေက ‘ဆွံ့အ’ နေသလားဟူ၍ပင် ပူပင်ခဲ့ရပါတယ်။


၆။ ။ ဗိုလ်ချုပ်၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါတယ်။
ရေနံချောင်း အမျိုးသားကျောင်းကိုတော့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းသွားပါတယ်။အဲ့ကျောင်းကကျောင်းဆရာ ဦးဘဝင်းက ဗိုလ်ချုပ်အကိုပါ။


၇။ ။ငယ်စဉ်ကပညာတော်ပြီးအသက် (၁၅) နှစ်အရွယ်မှာပဲသတ္တမတန်းစာမေးပွဲမှာ “ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ”၌ ပထမစွဲသူတွေကိုပဲ ချီးမြှင့်တဲ့ ဦးရွှေဘို ရွှေတံဆိပ်နဲ့ပညာသင်ထောက်ပံ့ကြေး ဆုကို ရရှိခဲ့ပါတယ်။


၈။ ။ အမျိုးသားကျောင်းမှာနေစဉ်ကာလမှာတော့အတွေးနယ်ထဲနစ်မြုပ်နေတတ်သလိုနေပုံထိုင်ပုံထောင့်မကျိုးတာကြောင့် ဗိုလ်ချုပ် အောင်ဆန်း ကို လူ့ဂွစာ လူထူးလူဆန်းအဖြစ် ကျောင်းနေဖက်တွေက မြင်ကြပါတယ်။


၉။ ။ ၁၉၃၂ ခုနှစ်အရောက် တက္ကသိုလ်ဝင် စာမေးပွဲမှာမြန်မာစာ၊ ပါဠိဘာသာဂုဏ်ထူးတွေနဲ့တကွ “အေ” အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ပညာဆက်သင်ရန် ရောက်သွားပါတယ်။အဲ့အချိန်က ဆရာစံ သူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်း ကာ ခေါင်းဆောင်တွေကိုလည်းသေဒဏ်ပေးခဲ့ပြီး တနှစ်ကြာကာလပါ။


၁၀။ ။ တက္ကသိုလ်ရောက်စ ပထမနှစ်ပတ်မှာပဲ ကျောင်းသားသမဂ္ဂမှ စကားရည်လုပွဲတရပ် ကျင်းပရာအဲ့စကားရည်လုပွဲအပြီးမှာဗိုလ်ချုပ်က ပရိသတ်အကြားမှထကာ သူ့အကို အောင်သန်း တင်သွင်း တဲ့ “ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်”ဟူတဲ့ အဆိုကို ထောက်ခံလိုက်ပါတယ်။


၁၁။ ။ ပညာရေးကို နတ်မောက်နဲ့ ရေနံချောင်းမှာ သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်မှာတော့ ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နဲ့ နိုင်ငံရေးသိပ္ပံ ဖြင့် ရယူခဲ့သူပါ။ ကျောင်းသားနိုင်ငံရေးမှာဗိုလ်ချုပ်အနေနဲ့ ပါဝင်မှုကအစ၌ ခပ်ဖြေးဖြေး မှန်⁠မှန်သာဖြစ်သော်လည်း ၁၉၃၅ ခုနှစ်နောက်ပိုင်း၌ အရှိန်အဟုန် မြင့်ပါဝင်လှုပ်ရှားလာပါတယ်။


၁၂။ ။ ၁၉၃၅-၃၆ စာသင်နှစ်အတွင်း အမှုဆောင် အဖွဲ့ဝင်တဦးအဖြစ် အရွေးခံရပြီးသမဂ္ဂမဂ္ဂဇင်းရဲ့အယ်ဒီတာလည်း ဖြစ်လာပါတယ်။


၁၃။ ။ တက္ကသိုလ်ကနေ ဝိဇ္စာဘွဲ့ ရပြီးနောက် ၁၉၃၈ ခုနှစ်မှာ ဥပဒေဝိဇ္စာတန်းတက်နေစဉ် ဗိုလ်ချုပ်ဟာမြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဌ အဖြစ်ရွေးချယ်ခြင်းခံရပါတယ်။


၁၄။ ။ ၁၉၃၈ ခုနှစ် အောက်တိုဘာလမှာတော့ ဗိုလ်ချုပ်က ကျောင်းသားနိုင်ငံရေးကနေ အမျိုးသားနိုင်ငံရေးဘက် ကူးပြောင်းခဲ့ပါတယ်။


၁၅။ ။ ရန်ကုန်ကဂျပန်တို့လက်အောက်ကို ၁၉၄၂ ခုနှစ် မတ်လမှာ ကျရောက်သွားပြီး ဒုတိယ ကမ္ဘာစစ်အတွင်းမှာပဲ ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်ပါတယ်။ဇူလိုင်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဘီအိုင်အေ တပ်မတော်ကို မြန်မာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။


၁၆။ ။ကာကွယ်ရေးဦးစီးချုပ်အဖြစ်တာဝန်ယူပြီးနောက် ၁၉၄၄ ခုနှစ် မတ်လမှာ ဗိုလ်ချုပ်ရာထူးနဲ့ပြန်လည်ခန့်အပ်ခဲ့ပါတယ်။ များမကြာမီမှာပဲ ဂျပန်နိုင်ငံသို့ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။


၁၇။ ။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်မှာ ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးကြေငြာပေးခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။


၁၈။ ။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်မှာ ဗိုလ်ချုပ်က ဘီအင်အေတပ်ကို ဦးဆောင်ပြီးဂျပန်ကျူးကျော်သူတွေကို မဟာမိတ်တို့နဲ့ ပူးပေါင်းကာ တိုက်ထုတ်ခဲ့ပါတယ်။ မတ်လ ၂၇ ရက်နေ့ကို တော့တော်လှန်ရေးနေ့လို သတ်မှတ်ခဲ့သလို နောင်မှာတော့ တပ်မတော်နေ့လို့ ပြောင်းလဲခေါ်တွင်ခဲ့ပါတယ်။


၁၉။ ။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီတို့က လန်ဒန်မြို့မှာ တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။


၂၀။ ။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်း က ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ မြို့မ ဦးသန်းကြွယ်၊ ဒေါက်တာ စိန်မြမောင်၊ဗိုလ်သိမ်းဆွေ၊ဦးတင်ညွန့်၊ဦးမောင်မောင်အစရှိတဲ့မြန်မာပြည်မခေါင်းဆောင်ကိုယ်စားလှယ်တွေအပါအ၀င်အခြားတိုင်းရင်းသား ခေါင်းဆောင်ကိုယ်စားလှယ်တွေနဲ့ အတူ ပင်လုံညီလာခံ တက်ရောက်ခဲ့ပြီး၊စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် စာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။


၂၁။ ။လွတ်လပ်ရေးမရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ သူ့၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားတဲ့ ကက်လိနက်ဝန်ကြီး ခြောက်ဦးတို့ကို လုပ်ကြံသတ်ဖြတ် ခြင်းခံရပါတယ်။


၂၂။ ။၁၉၄၂ မှာ သူနာပြုဆရာမ ဒေါ်ခင်ကြည်နဲ့တွေ့ဆုံလက်ထက်ခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဒေါ်ခင်ကြည်ကတော့၁၉၈၈ခုနှစ်ဒီဇင်ဘာ၂၇ရက်မှာကွယ်လွန်ခဲ့ပါတယ်။သားသမီး(၃)ယောက်ရှိပြီးအောင်ဆန်းလင်းကတော့အသက်၈နှစ်အရွယ်မှာ ရေနစ်သေဆုံးခဲ့ပါတယ်။သားဦးအောင်ဆန်းဦးနဲ့သမီးဒေါ်အောင်ဆန်းစုကြည်ကယနေ့ထိတိုင်ရှိနေဆဲပါ။အကြီးဆုံးသားကဦးအောင်ဆန်းဦးပါ။အောင်ဆန်းလင်းကတော့သားလတ်ဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်က အငယ်ဆုံးပါ။


၂၃။ ။ မကွယ်လွန်မီ တနှစ်ကျော်ခန့်က ပြောကြားခဲ့တဲ့ရွှေတိဂုံစေတီတော် အလယ်ပစ္စယံညီလာခံမိန့်ခွန်းမှာ “ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏”ဟု ပြောခဲ့သလို ရဟန်သံဃာတွေကိုလည်း “အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ – ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည် -- ဤကဲ့သို့ဆောင်ရွက်မှုသည် သာသနာဖက်ကသာကြည့်၍ မြင့်မြတ်သည်မဟုတ်ပါ၊ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာရောက်ပါသည်ဘုရား” စသဖြင့် လျှောက်ထားခဲ့ပါတယ်။


၂၄။ ။နိုင်ငံရေးအလေးပေးဆောင်ရွက်သူဖြစ်တဲ့ ဗိုလ်ချုပ်က စက်ဘီးတောင် မနင်းနိုင်ခဲ့ပေ။ စက်ဘီးစီးလေ့ကျင့်ဖို့တောင်အချိန်မရရှိခဲ့ပေ။


၂၅။ ။၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြောကြားခဲ့တဲ့ဗိုလ်ချုပ် နောက်ဆုံးမိန့်ခွန်းမှာတော့” ပြည်သူတို့အား မိမိတို့၏ ချို့ယွင်း ချက်များကို ပြုပြင်ရန်၊ စည်းကမ်းရှိရန်၊ ဇွဲဝိရိယကြီးရန်နှင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ရန် စသဖြင့် ဆော်ဩခဲ့ပြီး လွတ်လပ်ရေး၏ အကျိုးအရသာများ ပြည့်ဝစွာ မခံစားနိုင်မီ နှစ်ပေါင်းများစွာ ရုန်းကန်ကြိုးစားရ ဦးမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြား သတိပေးခဲ့ပါတယ်။

 


17 Jul 2017     3,020 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS