BEC-TERO TV

အသက် ၉ နှစ်အရွယ် မြေးဖြစ်သူကို အကြိမ်ကြိမ်အဓ္ဓမပြုကျင့်သည့် အဖိုးအားဖမ်းဆီး

17 Jul 2017     1,265 Views


ထိုင်းနိုင်ငံတွင် မြေးအဖြစ် မွေးစားခဲ့သော အသက် ၉ နှစ်အရွယ် မိန်းကလေးကို အသက် ၆၀ အရွယ် အဖိုးဖြစ်သူက အဓမ္မပြုကျင့်ခဲ့မှုဖြင့် ဇူလိုင် ၁၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပါတယ်။

အဖိုးအို၏ ဇနီးဖြစ်သူက သတင်းပေး တိုင်ကြားမှုကြောင့် ထိုင်းရဲအဖွဲ့က ရာယောင်းခရိုင်တွင်း ယာခင်းတခုထဲက တဲတလုံးအတွင်းမှာ သူ့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။
စစ်မေးမြန်ချက်အရ မြေးအဖြစ်မွေးစားထားသော ‘ဘို’ဟု အမည်ရသည့် ၉ နှစ်အရွယ် မိန်းကလေးကို အဖိုးဖြစ်သူက ထိုင်းငွေ ဘတ် ၂၀ ပေးပြီ ဘယ်သူ့ကိုမှမပြောရန် နှုတ်ပိတ်ကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ပထမဆုံး ကျူးလီန်ချိန်မှာ ဂျင်းအရက်သောက်ထားတာကြောင့်  စိတ်ထွေပြားပြီး မှားယွင်းခဲ့တာဖြစ်ကြောင်း ပြောဆိုပါတယ်။


သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့သူ အသက် ၆၀ အရွယ် ‘ပွန်’ဆိုသည့် အမျိုးသားကို ရဲကဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ်-DVB

 


17 Jul 2017     1,265 Views




RELATED

Most Popular of Special or Others

Most Popular of NEWS