BEC-TERO TV

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှ ယူ၂၃ ချန်ပီယံရှစ် တိုက်ရိုက် ပြသမည့်ရုပ်သံလိုင်းများ

17 Jul 2017     1,351 Views


ဇူလှိုင်လ(၁၉)ရက်နေ့ကနေ (၂၃)ရက်နေ့ထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် 2018 AFC U-23 Championship ခြေစစ်ပွဲ အုပ်စု(F)ပွဲစဉ် ကြိုတင်လက်မှတ်များကို လာမည့် ဇူလိုင်လ ၁၇၊ ၁၈ ရက်နေ့များတွင် ဖော်ပြပါအတိုင်း ရောင်းချပေးသွားမည် ဖြစ်ပါသည်။ လက်မှတ် တစ်စောင်လျင် ရိုးရိုးတန်း (၁၀၀၀)ကျပ်၊ (၂၀၀၀)ကျပ်၊ အထူးတန်း (၃၀၀၀)ကျပ်တို့ဖြစ်ကြပြီး တစ်စောင်လျင် ပွဲစဉ်(၂)ပွဲ ကြည့်ရှုနိုင်ပါသည်။

မြန်မာ၊ သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်း ပွဲစဉ်တွေကတော့ စိတ်လှုပ်ရှားစရာ အပြည့်ပါ။ ကွင်းဝင်ကြေးကလည်း သက်သာလွန်းတဲ့နှုန်းထားဖြစ်ပြီး လက်မှတ်တစ်စောင်ကို တစ်ရက် ၂ ပွဲနှုန်းကြည့်ရှုနိုင်ပါတယ်။ ဇူလိုင်လ ၁၇၊၁၈ ရက်နေ့တွေမှာ လှည်းတန်းစင်တာ၊ အောင်ဆန်းကွင်းနဲ့ ပြိုင်ပွဲကျင်းပရာ Thuwunna Stadium တို့မှာ ရိုးရိုးတန်း ၁၀၀၀၊ ၂၀၀၀၊ အထူးတန်း ၃၀၀၀ ကျပ်နှုန်းနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်များကို Host Broadcaster အဖြစ် for SPORTS ရုပ်သံလိုင်း နဲ့ Pyone Play facebook page တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသပေးမှာဖြစ်ပါတယ်။ဒါ့အပြင် MRTV Sports, MWD Variety, MWD Shopping ရုပ်သံများကပါ ပြသမှာဖြစ်ပါတယ်။


17 Jul 2017     1,351 Views




RELATED

Most Popular of Football

Most Popular of Sport