BEC-TERO TV

ဘ၀သံသရာတံတား လာရောက်လည်ပတ်သူများပြီး ပွင့်လင်းရာသီမှာ ပိုမိုလာရောက်

17 Jul 2017     1,299 Views


ရှမ်းပြည်နယ် ကလောမြို့နယ်ထဲက ဘ၀သံသရာတံတားကို လာရောက်လည်ပတ်ကြည့်ရှုသူ ဟာ အရင်ကထက်များလာပြီး ပွင့်လင်းရာသီရောက်ရင်တော့နိုင်ငံခြားသားခရီးသွားတွေပါ လာရောက်မှုများတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၉၅၆ ခုနှစ်က ဘ၀သံသရာ ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ဝင်ခန်းအဖြစ် တည့်သွင်းရိုက်ကူးခဲ့ရာမှ ဘ၀သံသရာတံတားကို လူသိများလာခဲ့ပါတယ်။ ဒါပေမဲ့ အရင်ကတော့ ဒီတံတားကို သွားရောက်လည်ပတ်သူတွေ မရှိသလောက် နည်းပါးခဲ့ပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စတင်ကာ ဒီတံတားကို လာရောက်လည်ပတ်တဲ့ ခရီးသည် တစ်နေ့ကို အယောက် ၈၀ ကနေ ၁၀၀ လောက် ပုံမှန်လာရောက်ကြတယ်လို့ သိရပါတယ်။

ဘုရားဖူးရာသီဖြစ်တဲ့ ဆောင်းရာသီတွေမှာတော့ အများအပြားလာရောက်ကြတယ်လို့ တံတားအနီးက ဈေးရောင်းချတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီတံတားကို လာရောက်လည်ပတ်သူ အများစုဟာ မနက်ပိုင်းထက် မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ လာရောက်လည်ပတ်သူများတယ်လို့သိရပြီး လာရောက်ကြသူ အများစုဟာလည်း ရှုခင်းကြည့်တာတွေနဲ့ အပန်းဖြေတာနဲ့ ဓါတ်ပုံရိုက်တာတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

ဒီတံတားဟာ ရှမ်းပြည်နယ် ကလောမြို့နယ် အတွင်းက ဟဲဟိုးမြို့နဲ့ ရွှေညောင်မြို့ ကြားကားလမ်းက မိုင်တိုင် ၈၉ အနီးမှာရှိပြီး မြန်မာမီးရတားရဲ့တံတားအမှတ်ကတော့ ၃၈၁ ဖြစ်ကာ တံတားအရှည် ပေ ၂၀၀ နဲ့ အမြင့် ၆၂ ပေ ရှိတဲ့ မြန်မာ့မီးရထားပိုင် ဘ၀သံသရာ ရထားလမ်းတံတားဟာ ၁၉၂၇ ခုနှစ်ကတည်းက တည်ဆောက်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။


17 Jul 2017     1,299 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS