BEC-TERO TV

ဟေးလားဟားလားနဲ့ ပြီးသွားတဲ့ ဇာတ်ကားမျိုးတွေ မရိုက်ချင်ဘူးဆိုတဲ့ ချစ်စနိုးဦး

18 Jul 2017     1,572 Views


ဟိုးအရင်တုန်းက တီဗီမှာလာတဲ့ “ဇူးဇွန်ဇာ” ဆိုတဲ့ တိုင်းရင်းဆေးကြော်ငြာလေးကစလို့ ပရိသတ်ရဲ့ အသိမှတ်ပြုခြင်းခံခဲ့ရတဲ့ မော်ဒယ်လ်သရုပ်ဆောင် “ချစ်စနိုးဦး” ဟာ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုကိုလည်း ရရှိခဲ့ပြီး အနုပညာခရီးလမ်းကို တစ်ဆယ့်လေးနှစ်တာ ဖြတ်သန်းခဲ့ပြီဖြစ်ပါတယ်။

ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးအတွက် အနုပညာလုပ်ငန်းတွေကို ခတ္တနားထားတဲ့ သူမဟာ အခုဆိုရင် အဖေဖြစ်သူ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပါပြီ။

TheFlowerNews ဂျာနယ်နဲ့ အင်တာဗျူးမှာ သူမရဲ့ မိသားစုနဲ့ အချစ်ရေးတွေကိုပါ အောက်ပါအတိုင်း ဖြေကြားသွားခဲ့ပါတယ်။
 


ချစ်စနိုးဦး အခုဇာတ်ကားရိုက်ကူးမှု နည်းသွားတယ်နော်။


အခုက ဇာတ်လမ်းတိုလေးတွေပဲ ရိုက်ဖြစ်နေတယ်။ လောလောဆယ် SkyNet မှာလွှင့်မယ့် ဦးမင်းလူရဲ့ဝတ္တု မမဆိုတဲ့ ဇာတ်လမ်းတိုလေး ရိုက်ထားတာတော့ရှိပါတယ်။ ဇာတ်ကားရိုက်က နည်းနည်းလည်း အဆက် ပြတ်တာလည်းကြာတော့ တချို့တွေက အခု ပြန်ရိုက်နေတာလည်းသိသလို မရိုက်သေးဘူးလည်း ထင်ကြတယ်။ ဒါပေမဲ့ သီချင်းတွေ ကတော့ တောက်လျှောက် ဆိုဖြစ်ပါတယ်။

ဇာတ်ကားရိုက်ကူးမှု နည်းတာက ဇာတ်လမ်း ရွေးချယ်မှုတွေ ကြောင့်လား။


ဇာတ်ကားရိုက်ဖို့လာခေါ်ပေမယ့် ကိုယ်ရိုက်ချင်တဲ့ ဇာတ်လမ်းမရဘူး။ တချို့ ဇာတ်လမ်းတွေက ကိုယ်မကြိုက်သလို ကိုယ့် အတွက် ပရိသတ်အတွက် ကျန်စေမယ့် ဇာတ် လမ်းမျိုးလေးတွေပဲ ရိုက်ချင်တယ်။ ပြီးပြီး ရော ဇာတ်ရုပ်မျိုးကို မရိုက်ချင်တော့ဘူး။ အဓိ ကက သဘာဝကျရမယ်။ ပညာပေးပုံစံဇာတ် ကားမျိုးလေးတွေ ရိုက်ချင်တယ်။


ဘယ်လို ဇာတ်ကားမျိုးတွေ ရိုက်ချင်တာလဲ။


အရင်ကတည်းက ဇာတ်ကားရိုက်တာက ဗီဒီယိုများတယ်။ ဇာတ်ကားကြီး ရိုက် တာနည်းပြီး အကယ်ဒမီရခဲ့တာက ဘဝမှာရှားရှားပါးပါး အခွင့်အရေးရတာပါ။ ဟာသ ကားဆို ရိုက်ဖြစ်တာနည်းတယ်။ အဓိကက ဗီဒီယိုတွေ၊ ဒီဗွီဒီတွေ ရိုက်ဖြစ်တာများတာ ပေါ့။ တကယ်အရမ်းရိုက်နေရတဲ့ အချိန်က တည်းက ရိုက်ကူးမှုနည်းတာဆိုတော့ အခုချိန်မှာ ရိုက်ကူးမှုနည်းတာ ပြောစရာတော့ မရှိပါဘူး။ တကယ်ထိထိမိမိနဲ့ ငါးခန်း လောက်ပါရပြီး ထိထိမိမိလေး ဖြစ်မယ်ဆိုရင် ရိုက်ကူးချင်ပါတယ်။ အခုက ဇာတ်ကားထဲ မှာ အခန်းများပေမယ့် ဟေးဟေးဟားဟား နဲ့ပြီးသွားတဲ့ ဇာတ်ကားမျိုးတွေတော့ မရိုက် ချင်တော့ဘူး။

အရင်က ဇာတ်ကားကြီးနဲ့ အခုနောက်ပိုင်း ရိုက်ကူးမှုတွေ ကွာသွားတဲ့အပေါ် ဘယ်လို မှတ်ချက်ပြုလိုပါသလဲ။


အရင်က ကိုယ်တွေဇာတ်ကား တွေ ရိုက်တုန်းက ဖလင်နဲ့ရိုက်တာ မှားလို့လည်းမရဘူး။ အခုချိန်မှာကတော့ အရမ်း ကောင်းသွားပြီ။ သရုပ်ဆောင်တွေလည်း အရမ်းသက်သာသွားပြီ။ ကိုယ်တွေ အရင်တုန်းကဆို စက်လည်တဲ့အသံကိုပဲ တော် တော်ကြောက်တာ။ ငါတစ်ခုခု မှားသွားရင် ပိုက်ဆံတွေအများကြီး ကုန်သွားတယ်ဆိုတဲ့ အသိပေါ့။ ရီဟာဇယ်တွေ အများကြီး လုပ်ရတယ်။ အခုကတော့ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နဲ့မှားလည်း ငါပြန်ရိုက် လို့ရတယ်ဆိုတဲ့ အသိက အရမ်းလွတ်လပ်တယ်။ အရမ်းကောင်းသလို အခုနောက် ပိုင်းလူတွေက အခွင့်အရေးအရမ်း ကောင်းသွားတယ်။ ဖလင်နဲ့ ကြုံခဲ့ရသူတွေဆို သိမှာပါ။ ခဲရာခဲဆစ် တော်တော်လေး လုပ်ခဲ့ရပါ တယ်။ အခုကတော့ ကိုယ်လုပ်ချင်တဲ့ အိုက်တင် စိတ်ကြိုက်ကို လုပ်ခွင့်ရတယ်။ ကိုယ် တွေတုန်းက ပြန်ကြိုးစားကြည့် ရိုက်ကြည့် ဦးမယ်ဆိုမရဘူး။ အခုခေတ် မင်းသားမင်း သမီးဖြစ်ရတာ ကံကောင်းပါတယ်။

တစ်ကိုယ်တော် အခွေအတွက် MTV  ရော ရိုက်ဖြစ်နေပြီလား။


တစ်ကိုယ်တော် ခွေထွက်ပြီးပေမယ့် MTV  ထွက်ဖို့ကတော့ လုပ်နေပါတယ်။ အခုခေတ်က သိတဲ့အတိုင်းလေ လေး၊ ငါး သိန်းနဲ့လည်း အလုပ်မဖြစ်တော့ဘူး။ သီချင်း လေးသွားဆိုလည်း ပိုက်ဆံလေး စုလိုက်နဲ့ ပေါ့။ ရိုက်တယ်သာပြောရတာ လွယ်ပေမယ့် ဒါရိုက်တာ၊ သရုပ်ဆောင်၊ Location လိုချင်တဲ့ ပစ္စည်းအားလုံးစုစည်းဖို့ဆိုတာ မ လွယ်တော့ Audio CD  နဲ့ နှစ်နှစ်လောက် တောင် ခြားနေပြီ။


အနုပညာအလုပ္ကို နားလိုက္တာက ဘာ ကြောင့်လဲ။


အဖေ နေမကောင်းဖြစ်ကတည်းက အနုပညာအလုပ်တွေ ရပ်လိုက်တာပါ။အဖေက အခုမှနေပြန်ကောင်းလာတာ သိပ်မကြာသေးဘူး။ လပိုင်းပဲ ရှိသေးတယ်။ မိသားစုက ကိုယ့်ဘဝပါ။ အဓိကက အဖေနဲ့ အမေပဲ။ မိဘပေးတဲ့ အသက်နဲ့ နေနေရတာ လေ။ အနုပညာအလုပ်ကို မိဘတွေက မလုပ်နဲ့တော့ဆို မလုပ်ပါဘူး။ တကယ် အဖေဖြစ်တဲ့အချိန် မိသားစုကိုရွေးချယ်တယ်။ အခွင့် အရေးတွေ အများကြီးရပေမယ့် လက်လွှတ်ခဲ့တယ်။ မိဘအသက်နဲ့ ဘာမှမလဲနိုင်ဘူး။ ပရိသတ်တွေ ကိုယ့်ကိုချစ်တယ်ဆိုတာ ယုံ ကြည်လို့ ရဲရဲဝံ့ဝံ့ရပ်လိုက်တယ် အခုပြန်လုပ် တော့ အားပေးကြတယ်။

ချစ်သူနဲ့ လက်တွဲဖြစ်တော့မလား။


အချစ်ရေးကတော့ အေးဆေးပါ ပဲ။ အဆင်ပြေပါတယ်။ အချိန်တစ်ခုရောက် ရင်တော့ သူ့ဘာသာသူ ဖြစ်သွားမှာပါ။

ပရိသတ်အတွက် အမှတ်တရ စကားပြော ပေးပါ။


အနုပညာလုပ်တာလည်း ၁၄ နှစ်ကျော်ပြီ ပရိသတ်အားပေးလို့လည်း ခုချိန်ထိ ရပ်တည်နိုင်တာပါ။ ဆက်ပြီးလည်း အားပေးကြပါလို့။

သတင်းရင်းမြစ်-theflowernews

ဓါတ်ပုံ-ချစ်စနိုးဦးFB


 

 


18 Jul 2017     1,572 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment