BEC-TERO TV

ရွှေဗဟိုဈေးကွက်ဖြစ်ပေါ်လာပါက ပြည်တွင်းမှာ အလုပ်အကိုင်များ ပိုမိုပေါများ လာနိုင်

18 Jul 2017     1,253 Views


ရွှေဗဟိုဈေးကွက် ဖြစ်ပေါ်လာပါက ပြည်တွင်းမှာလိုအပ်နေတဲ့ အလုပ်အကိုင်တွေ ပေါများ လာမယ်လို့ သိရပါတယ်။မြန်မာနိုင်ငံမှာ ရွှေဗဟိုဈေးကွက်ဖြစ်တည်လာပါက ဈေးကွက်မှာ လိုအပ်နေတဲ့ ရွှေပန်းထိမ်၊ငွေပန်းထိမ် လုပ်ငန်းတွေပြုလုပ်ဖို့အတွက် အလုပ်သမားတွေ ပိုမိုလိုအပ်လာမှာဖြစ်တာကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်တွေပိုမိုပေါများလာမှာ ဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် ရွှေဗဟိုဈေးကွက် ကနေ နိုင်ငံတကာစံချိန်မှီတဲ့ ရွှေအရည်အသွေးကို ထုတ်လုပ်လာနိုင်မှာဖြစ်ပြီး ရွှေထည်လက်ဝတ်ရတနာ ဒီဇိုင်းဆန်းတွေကိုလည်း ထုတ်လုပ်လာနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

ရွှေဗဟိုဈေးကွက်ဖြစ်လာပါက ပြည်ပကနေ မြန်မာနိုင်ငံကိုပြန်လာတဲ့ လုပ်သား တွေအတွက် အလုပ်အကိုင်တွေရရှိလာနိုင်မှာဖြစ်ပြီး ရွှေပန်းထိမ်၊ငွေပန်းထိမ်စတဲ့သင်တန်းတွေလည်း ရှိလာမှာဖြစ်လို့ ခေတ်မှီနည်းပညာအသုံးပြုပြီး ရွှေထည်လက်ဝတ်ရတနာတွေလည်း ထုတ်လုပ် လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ရွှေဗဟိုဈေးကွက်ပြုလုပ်ပြီးချိန်မှာတော့ ပြည်တွင်းရွှေထုတ်လုပ်မှုနဲ့ ပြည်ပရွှေတင်ပို့မှုစာရင်းကို အတိအကျနဲ့ပြုလုပ်ရမှာဖြစ်လို့ မိရိုးဖလာ ရွှေလုပ်ငန်း လုပ်သူတွေအနေနဲ့ အသားမကျမှုတွေရှိလာနိုင်ပြီး နယ်စပ်မှာတရားမ၀င် ရွှေတင်ပိုမှု့တွေရှိတော့မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှအထွေထွေအတွင်းရေးမှူးကပြောပါတယ်။

ယခုအခါမှာ ရွှေဗဟိုဈေးကွက်ဖော်ဆောင်ဖို့အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ဈေးကွက်ပြုလုပ်မယ့်နေရာကို ရွှေလုပ်ငန်းရှင်တွေအနေနဲ့လည်း ပြုလုပ်ဖို့မလွယ်ကူတာကြောင့် ဈေးကွက်ပြုလုပ်ဖို့အတွက် ၂၀၁၄ ခုနှစ်တည်းက စီးပွားကူးသန်းဝန်ကြီးဌာနကို လျှောက်လွှာ တင်ထားတာဖြစ်တယ်လို့သိရပါတယ်။ရွှေဗဟိုဈေးကွက်ဖြစ်တည်လာခဲ့ပါက ပြည်တွင်းအလုပ်အကိုင်တွေ ပေါများလာမယ့်အပြင် ဒေါ်လာဈေးနဲ့ရွှေဈေးတွေတည်ငြိမ်လာပြီး အသေးစား၊အလတ်စား လုပ်ငန်း တွေလည်း ပိုမိုပေါများလာမှာဖြစ်တယ်လို့သိရပါတယ်။


18 Jul 2017     1,253 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS