BEC-TERO TV

ဝိုင်းစုကိုအားပေးတဲ့ ပရိတ်သတ် ၀ိုင်းစုလိုပဲ လို့မပြောပါနဲ့ လို့ပြောလိုက်တဲ့ ၀ိုင်းစုခိုင်သိန်း

18 Jul 2017     1,270 Views


ပရိတ်သတ်တွေက သူတို့ ချစ်တဲ့ အနုပညာရှင်တွေကို အနုပညာလုပ်ရပ်တွေ အပြင်မိသားစု အရေး ၊ ကိုယ်ရေးကိုယ်တာတွေကိုပါ စိတ်ဝင်စား စိတ်ပူပေးတက်ကြပါတယ် ။

ပရိတ်သတ်တွေက ၀ိုင်းစုကို စိတ်ပူ ပေးမှုကို ၀ိုင်းစုက “၀ိုင်းစုကို ဘယ်လိုပဲ ဝေဖန်အ ပြစ်တင်ပြောဆိုခဲ့တဲ့ လူအားလုံးကိုလည်း သူတို့ ကငါမှမဟုတ်တာ ၊ငါ့ခံစားမှု ၊ ငါ့အခြေအနေကို မသိလို့ပြောတာ ပြောပါစေ ဆိုတဲ့ စိတ်နဲ့ အပြစ်မမြင်ပဲ ချစ်ခင်လျှက်ပါ ။ ၀ိုင်းစု ရဲ့ စိတ်ကတော့ကိုယ့် ဂုဏ်သိက္ခာကျဆင်းအောင်ပြောဆိုခဲ့တဲ့ လူမျိုးကို ကိုယ့်ဘက်ကပြန်တုံ့ပြန်ဖို့ အခွင့်အရေးရခဲ့ ရင်တောင်ဒုက္ခရောက်အောင်လုပ်မှာမဟုတ်ပါဘူး ။

ဝိုင်းစုကို အမြဲချစ်ခင်ပေးပြီး ၀ိုင်းစုဘာတွေပဲ ဖြစ်နေနေ ၀ိုင်းစုဘက်ကမားမားမက်မက်ရပ်တည်ထောက်ခံပေးကြတဲ့ ချစ်ပရိတ်သတ်တွေ ဆွေမျိုးမိတ်ဆွေများကိုလည်း ၀ိုင်းစုရဲ့ လုပ်ရပ်ကြောင့်မျက်နှာငယ်ရတယ် သူများတွေနဲ့ ရန်ဖြစ်ရတယ် ။ facebook မှာရိုင်းပြစော်ကား အပြောခံကြရတာ ၀ိုင်းစုကိုအားပေးလို့ အပြောခံရတာ တကယ်စိတ်မကောင်းဘူး ။

ပြသာနာတွဖြစ်စကဆို ပရိတ်သတ်တွေလည်း ငါ့ကြောင့်အပြောအဆိုခံနေရပြီ ပရိတ်သတ်တွေထဲမှာ အဖွားအရွယ်တွေရှိပါတယ် ။ အမေအရွယ်တွေရှိပါတယ် ။ မစာမနာပြောဆိုမှုတွေရှိခဲ့တော့ ငါ့ကြောင့်ဆိုတဲ့ စိတ်နဲ့ မျက်ရည်ပါကျမိတယ် ။ တခုလောက်တောင်းဆိုပရစေ ။

တခုခုပြောချင်တယ်ဆိုရင်တောင် ၀ိုင်းစုကိုပြောပါ ။ အပြစ်တင်ပါ ။ ဝေဖန်ပါ ။ ၀ိုင်းစုကိုအားပေးတဲ့ ပရိတ်သတ် ၀ိုင်းစုလိုပဲ လို့မပြောပါနဲ့ ။ ၀ိုင်းစု ပရိတ်သတ်ကိုမဆဲပါနဲ့ ။ ပရိတ်သတ်က ရိုးသားပါတယ် ။ အပြစ်မရှိပါဘူး ။ ချစ်ရတဲ့ ပရိတ်တွေ ၀ိုင်းစုကြောင့် နောက်နောင် မျက်နှာမငယ်စေရပါဘူးလို့ ကတိပေးပါတယ်ရှင့် ။ ပရိတ်သတ်ကို အနုပညာနဲ့ ပဲ မျက်နှာမငယ်ရအောင် ပြန်ထားပါ့မယ်” လို့ ပြောသွားခဲ့ ပါတယ်။ 

Credit:oasis


18 Jul 2017     1,270 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment