BEC-TERO TV

ဂျာမနီခရီးသွားများ အီဂျစ်တွင် အသတ်ခံရ

18 Jul 2017     1,209 Views


ပင်လယ်နီအတွင်းက နာမည်ကျော် ဘာဂါဒါကမ်းခြေအပန်းဖြေစခန်းမှာရှိတဲ့ ကမ်းခြေဟိုတယ် တစ်ခုမှာ ဓားထိုးမှုတွေဖြစ်ပွားခဲ့လို့ ဂျာမနီခရီးသွား ၂ ဦးသေဆုံးခဲ့တယ်လို့ အီဂျစ်အရာရှိတွေက ပြောပါတယ်။နောက်ထပ် လူ(၄)ဦးလည်းဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ဘာ့ကြောင့် အခုလိုလုပ်ခဲ့တယ်ဆိုတာကိုသိနိုင်ဖို့ မသင်္ကာသူကို အာဏာပိုင်တွေ က မေးမြန်းနေပြီလို့ အီဂျစ်ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။ဓားကိုင်ထားတဲ့ အမျိုးသားဟာ ဇာဟာဘီယာ ဟိုတယ်မှာ ဂျာမနီအမျိုးသမီး (၂)ဦးကို ဓားနဲ့ထိုးသတ်ဖြတ်တာမလုပ်ခင် နောက်ထပ်ခရီးသွား ၂ ဦးကိုလည်း ဒဏ်ရာရ စေခဲ့တယ်လို့သိရပါတယ်။ အဲဒီနောက်မှာ ဓားကိုင်ထားတဲ့အမျိုးသားဟာ ဆန်ဒေးစ်အယ်လ်ပလာစီအို အပန်းဖြေဟိုတယ်ထဲက နောက်ထပ်လူနှစ်ဦးကို ဒဏ်ရာရအောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဓားကိုင်ထားတဲ့အမျိုးသားဟာ ခရီးသွားတွေရဲ့ရင်ဘတ်ကို ဓားနဲ့ထိုးခဲ့တာဖြစ်ပြီး ခရီးသွားတွေဟာ ကမ်းခြေပေါ်မှာပဲ သေဆုံးခဲ့တယ်လို့ အယ်လ်ပလာစီအို ဟိုတယ်လုံခြုံရေး မန်နေဂျာက ပြောပါတယ်။ ဒဏ်ရာရခဲ့သူတွေဟာ အာမေးနီးယန်းလူမျိုး (၂)ဦးနဲ့ ချက်နိုင်ငံသား (၂)ဦးဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလတုန်းကလည်း ဘာဂါဒါကို ရေငုပ်ဖို့ရောက်နေတဲ့ နိုင်ငံခြားသားခရီးသွား(၃)ဦး ဓားထိုးခံရမှုဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့သူဟာ အိုင်အက်စ်အစွန်းရောက်အဖွဲ့ကလို့ မသင်္ကာသူတွေဖြစ်ပါတယ်။အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆင်နိုင်းကျွန်းဆွယ်မှာ အိုင်အက်စ်အစွန်းရောက်မှုကို ကိုင်တွယ်ဖြေရှင်းနေရပြီး ခရီးသွားလုပ်ငန်း ကဏ္ဍဟာ မြောက်အာဖရိကက စစ်သွေးကြွတွေပစ်မှတ်ထားခံနေရပါတယ်။


18 Jul 2017     1,209 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS