BEC-TERO TV

ဆယ်တန်းထဲကတည ၅၀၀၀ နဲ့သီချင်းဆိုပြီးကျောင်းစရိတ်ရှာခဲ့သူ

20 Jul 2017     1,279 Views


မြို့တော်ချစ်ဖွယ်ရဲ့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ နွေးနွေးချစ်ဖွယ် ဟာ ငယ်ငယ်က ပုပုလုံးလုံးလေးနဲ့ အသားဖြူလို့ ဘဲဥ လို့ ချစ်စနိုးခေါ်ကြပါတယ်။Third Year နဲ့ ကျောင်းဆက်မတက်ဖြစ်ခဲ့ ပါဘူး ။ ပွဲတော် အချိန်နဲ့တိုက်နေပြီး နယ်မှာသီချင်းသွားဆိုရတဲ့အချိန်နဲ့တိုက်ခဲ့ တာကြောင့်ပါ ။ ဆယ်တန်းအရွယ်ထဲကစလုပ်ဖြစ်တာကတော့ သရုပ်ဆောင်ဖြစ်ပြီး အဖေကတော့ သဘောမတူဘူး ။ ခက်ခဲကြမ်းတမ်းတဲ့ ဒီအလုပ်ကြီးကို သူကမလုပ်စေချင်ဘူး ။ အဖေ စိတ်ဆင်းရဲမှာဆိုးလို့ ဆက်မလုပ်ဖြစ်ခဲ့ ဘူး ။ အဖေနဲ့လဲ တူတူမနေတော့ နွေးတို့သားအမိ စားဝတ်နေရေး အတွက်သီချင်းတွေဆိုဖြစ်ခဲ့တယ် ။ တခါဆိုရင်တည ၅၀၀၀ ရတယ် ။

၁၀တန်းစာမေးပွဲနီးနေတာတောင် ကျောင်းတွေ ကျူရှင်တွေပျက်ခဲ့ရတယ်။ စာမေးပွဲဖြေဖို့၄၁ ရက်ပဲ လိုတော့တဲ့အချိန်မှာ ၄၅ရက်အပြတ်ကျူရှင်က လေးသောင်းနဲ့ဖွင့်တယ် ။ နွေးလက်ထဲမှာ နယ်မှာသီးချင်းလေးရက် သွားဆိုထားတဲ့ ငွေနှစ်သောင်းရှိတယ် ။ အမေက ၁၀တန်းအောင်မှလူရာဝင်မယ် သမီးဆိုပြီး အမေ့ အသိတစ်ယောက်ဆီမှာ ငွေ ၂သောင်း သွားချေးပြီးနွေးကိုကျူရှင်အပ်ပေးတယ် ။ တစ်နှစ်လုံးလဲ ခဏခဏ ပျက်တယ် ။၄၅ရက် အပျက်မှာ ၄၁ ရက်ပဲ ကျန်တော့တယ် လက်မခံနိုင်တော့ဘူး ပြောတယ် ။ အမေနဲ့ တူတူ တောင်းပန်ပြီးစာမေးပွဲဖြေတဲ့နေ့အထိ လုံးဝ ကျောင်းမပျက်ပါဘူးလို့ ကတိပေးပြီး တက်ခဲ့ ရတယ်။ အဲ့ဒိကြားထဲ ဘာပွဲမှ လက်မခံခဲ့ဘူး ။

စာကိုနေ့ရော ညရော အသားကုန်ကျင်ခဲ့ ရတယ် ။ စာမေးပွဲဖြေနိုင်ခဲ့ တယ် ။ စာမေးပွဲခန်းထဲမှာတော့ မေ့လဲတဲ့အထိ အားပြတ်ခဲ့တယ် ။ နောက်ပိုင်း အဖေလိုချစ်တဲ့ အဖေ ခင်လှိုင် နဲ့ တွေ့ပြီး အဖေက နယ်မှာ သီချင်းတွေ ဆိုဖို့တောက်လျှောက်ခေါ်ခဲ့တယ် ။ မှတ်မှတ်ရရ စခင်တာလဲ နွေး ၁၀ တန်းအောင်စာရင်း ထွက်တဲ့ နေ့ပါပဲ ။

ငယ်ငယ်ထဲက အခက်အခဲတွေရှိခဲ့ ပြီး လေးရက်သမီး အရွယ်မှာပဲ ဖေဖေ နဲ့ မေမေ လမ်းခွဲ ခဲ့ တယ် ။ဖေဖေ့ကိုလဲ အပြစ်မမြင်ပါဘူး ဒုက္ခရောက်ခဲ့ ရတာတွေ အတွက်လဲ ၀မ်းမနည်းပါဘူး ။ ရင့်ကျက်တဲ့ စိတ်တွေနဲ့ ကြိုးစားချင်တဲ့ စိတ်တွေဖြစ်လာတယ်လို့ပဲ မြင်တယ် ။ အချစ်ရေး နဲ့ ပတ်သတ်ပြီးတော့ လဲ အေးအေးဆေးဆေး တစ်ယောက်တည်းပါပဲ လို့ လဲ ပြောထားပါတယ် ။

သီချင်းတွေလဲ MTV ရိုက်နေတယ် ။ ဖေဖေခင်လှိုင်ရိုက်ပေးထားတော့ တမူထူးခြားမှာပါ ။ Original Gangster 3 မှာလဲ ပြောင်နေတဲ့ နဖူးနဲ့ သရုပ်ဆောင်ထားပါတယ်လို့ ပြောထားပါတယ် ။

Credit:Oasis


20 Jul 2017     1,279 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment