BEC-TERO TV

ဒေါ်ဆွေဇင်ထိုက်ကို တရားစွဲဖို့ ရပ်ဆိုင်းလိုက်တဲ့ ဒါရိုက်တာပြည်ဟိန်းသီဟ

20 Jul 2017     1,354 Views


ဒါရိုက်တာ ပြည်ဟိန်းသီဟက သူရိုက်ကူးပုံဖော်ခဲ့သည့် “မင်းလဲဘိုကေ ငါလဲဘိုကေ” ရုပ်ရှင် ဇာတ်ကားအပေါ် ဒေါ်ဆွေဇင်ထိုက်၏ ဝေဖန်မှုနှင့်ပတ်သက်ပြီး တရားစွဲမည့်ကိစ္စ ရှေ့မဆက်ဖြစ် တော့ကြောင်း သိရှိရသည်။

အစက တရားစွဲဖို့ စီစဉ်တယ်။ ရှေ့နေတွေလည်း အကုန်ငှားပြီးသွားပြီ။ တရားသူကြီးတွေက အစ အကုန်လုံးစီစဉ်ပြီးသွားပြီ။ တရားရေးက အစ အကုန်လုံးကတော့ မင်းဘက်ကမှန်ပါတယ်တဲ့။ ဒါပေမဲ့လည်း ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုး၊ ကိုယ်မှန်တယ်ပေါ့။ သူတို့ဘက်က လက်ဖဝါး လေ။ လုပ်မယ်ဆိုပြီး စီစဉ်ပြီးတော့ ကျွန်တော်နယ်မှာရောက်နေတယ်။ ရိုက်ကူးရေးသုံးလကြာ တယ်။ ရှေ့နေက ကျွန်တော့ကို ရန်ကုန်မှာစောင့်နေတယ်။ ခင်ဗျားဘယ်တော့ ပြန်လာမှာလဲ။ ကျွန်တော်က ဒီမှာ ဘာဆက်လုပ်ရမှာလဲတဲ့။ သတင်းစာက စာထည့်ရမှာလား။ ဘာလားပေါ့။ အဲဒီတုန်းကဆို တစ်ရက်တောင် မအားဘူး။ တကယ်လို့ တရားစွဲ ဖြစ်ရင် ကျွန်တော်က နယ်မှာ ဒီ ဘက်က ရုံးချိန်းလာပါဆိုရင် ကျွန်တော်သွားရမှာ အဲဒီတော့ လက်ရှိရိုက်နေတဲ့ ဇာတ်ကားကြီးကို ဒါရိုက်တာတစ်ယောက်အနေနဲ့ ကျွန်တော်ဘယ်လို ထားခဲ့ရမလဲ။ အလုပ်တွေအများကြီး ပျက်မယ်။ လက်ရှိကိုယ်သည် အလုပ်လုပ် နေတော့ သူ့ဆိုက်က သူ့ဟာသူ ပြောချင်လဲပြော၊  မပြောချင်နေ ပေါ့။ အရှင်းဆုံးပြောရရင် ကိုယ့်ဟာကိုယ်ပဲ ချုပ်ငြိမ်းပစ်လိုက်တယ်” ဟု ဆိုသည်။


ဒေါ်ဆွေဇင်ထိုက်သည် ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးခဲ့သည့် “မင်းလဲဘိုကေ ငါလဲ ဘိုကေ”ဟု အမည်ရှိ ရုပ်ရှင် ဇာတ်ကားကြီးနှင့်ပတ်သက်ပြီး ဇာတ်လမ်း၏ ကျောရိုးရည်ရွယ် ချက်က ကောင်းသော်လည်း ရိုက်ထားသည့် ဒါရိုက်တာက ပေါပေါ ပဲပဲရိုက်ထားသည့်အတွက် ဒါ ရိုက်တာကို မြင်ရင် ကြိမ်လုံးနှင့် ရိုက်ချင်တယ်ဟု “Let’s Talk” အစီစဉ်၏ မေးမြန်းခန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
 

သတင်းရင်းမြစ်−7DayDaily


 


20 Jul 2017     1,354 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS