BEC-TERO TV

ကုမ္ပဏီ ၅၆ ခု Blick List ကြောညာခံရ

20 Jul 2017     1,238 Views


Re-Export စနစ်နဲ့ သကြားပို့ကုန်သွင်းကုန်ကုမ္ပဏီ ၅၆ ခုကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းလိုက်ပြီး (Blick List)အမည်ပျက်စာရင်းအဖြစ် ကုန်သွယ်ရေးဦးစီးဌာနက ဇူလိုင်လ (၁၂)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနကနေ ပိတ်သိမ်းလိုက်တာကတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း Re-Export စနစ်နဲ့ သကြားပို့ကုန်သွင်းလိုင်စင် ရယူထားပြီး အမှန်တင်သွင်းထားပေမယ့်လည်း လုံးဝပြန်လည် တင်ပို့ခြင်းမရှိတဲ့ ကုမ္ပဏီ ၃၄ ခုနဲ့ အမှန်တင်သွင်းထားတဲ့ပမာဏအတိုင်း အပြည့်အဝ ပြန်လည်တင်ပို့ခြင်းမရှိပဲ လျော့နည်းတင်ပို့ခဲ့တဲ့ ကုမ္ပဏီ ၂၂ ခု တို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ကုန်သွယ်ရေးစခန်းတွေမှာ ဒီကုမ္ပဏီတွေကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ပိတ်သိမ်းပြီး ပို့ကုန်သွင်းကုန်လိုင်စင်တွေ ထုတ်ပေးခြင်းမပြုဖို့ အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

Credit : kumudranews

 


20 Jul 2017     1,238 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS