BEC-TERO TV

သာစည်မြို့နယ်တွင်ဂျာမဏီနှင့်ထိုင်းနိုင်ငံလုပ်သေနတ်များဖမ်းဆီးရမိ

20 Jul 2017     1,614 Views


မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့ည ၁၀ နာရီခွဲအချိန်ခန့်က သတင်းအရ မန္တလေးသို့ပို့ဆောင်မည့် ထိုင်းနိုင်ငံနှင့်ဂျာမဏီနိုင်ငံလုပ်မောင်းပြန်သေနတ် ၂၂ လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာသတင်းအရမူးယစ်တပ်တပ်ဖွဲ့စု ၁၈ မန္တလေးတောင်ပိုင်းအဖွဲ့နှင့် သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များမှ သတင်းအရ သက်သေများနှင့်အတူ တောင်ကြီး-မီထ္ထီလာကားလမ်းမ ကျွဲတပ်ဆုံတို့ဂိတ်အနီးတွင် စောင့်ဆိုင်းနေစဉ် လွိုင်ကော်မှ မန္တလေးဘက်သို့သွားရန် ရောက်ရှိလာသော ယာဉ်အမှတ် 2D/5608 အား သက်သေများရှေ့မှောက်တွင် ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်၏နောက်ခန်းအတွင်းမှ အဖြူရောင်ဆာလာအိပ်အတွင်း မွေ့ယာဖြင့်ပတ်ထားလျှက် သိုဝှက်သယ်ဆောင်လာသော ထိုင်းနိုင်ငံလုပ်ကိုယ်ထည်တွင် HK-3 5.56×45 ထိုင်းစာသားများပါ မောင်းပြန်သေနတ် ၂၀ လက်နှင့် ဂျာမနီနိုင်ငံလုပ် AK-47 (၂)လက် ကျည်အိမ်မပါ ထိုင်းနိုင်ငံလုပ် ကျည်အိမ် ၂၀ ခုနှင့် ငွေစက္ကူများ ၈ သိန်းခန့် လက်ကိုင်ဖုံး ၃ လုံးတို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။


ထို့နောက် မော်တော်ယာဉ်မောင်း နေစိုးထွေးမင်း(ခ)ကိုစိုင်း ၄၄နှစ်၊ အဖ ဦးစိုးထွေး မင်္ဂလာရပ်ကွက် လွိုင်ကော်မြို့ နေသူနှင့် ယာဉ်ပေါ်ပါလာသော ဇနီးဖြစ်သူ မမြတ်ဆုနှင်း ၄၆ နှစ်၊ အဖ ဦးကျော်လှ(လိပ်စာတူ)သူတို့ လိုက်ပါစီးနင်းလာသောယာဉ်အား ဖမ်းဆီးစစ်ဆေးခဲ့ရာ ကလေးမြို့ တာတန်းရပ်ကွက်နေ မောရ(ခ)ကျူရန်ဆန် (၄၅)နှစ်မှ ဝယ်ယူသယ်ဆောင်ခိုင်းသော ပစ္စည်းများဖြစ်ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပက်သက်၍ လက်နက်များအား တရားမဝင်သယ်ဆောင်ယူပြီး လက်ဝယ်ထားရှိသူများဖြစ်ကြသော နေစိုးထွေးမင်း၊ မြတ်ဆုနှင်းတို့နှင့် သယ်ဆောင်ခိုင်းသူ မောရ(ခ)ကျုံးရန်ဆန်တို့အား သာစည်မြို့ရဲစခန်းမှအမှုဖွင့်လှစ် အရေးယူဆောင်ရွှက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း− ဖြိုးကိုလင်း(ညောင်ဝိုင်း)

 


20 Jul 2017     1,614 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS