BEC-TERO TV

ဧရာဝတီမြစ်ရေဆက်လက်မြှင့်တင်လျက်ရှိ

20 Jul 2017     1,215 Views


ဇူလိုင်လ(၁၂)ရက်က စတင်မြှင့်တက်လာတဲ့ ဧရာဝတီမြစ်ရေကြောင့် မကွေးတိုင်းဒေသကြီး က မြို့ နယ်(၆)မြို့နယ်က အိမ်ထောင်စုတွေဟာ ရေဘေးလွတ်ရာကိုရွှေ့ ပြောင်းနေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။ဧရာဝတီမြစ်ရေဆက်လက်မြှင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးရှိ ချောက်မြို့ နယ်၊ရေစကြိုမြို့နယ်၊ပခုက္ကူမြို့နယ်၊မင်းဘူးမြို့နယ်နဲ့စစ်တွေမြို့နယ်တို့မှာ မြစ်ရေကြီးမှုဒဏ်ကို ခံစား နေရတာဖြစ်ပါတယ်။

မြစ်ရေကြီးမှုကို ရေစကြိုမြို့နဲ့ပခုက္ကူမြို့တို့မှာ အများဆုံးခံစားနေရတာဖြစ်ပြီး အိမ်ထောင်စုတွေအနေနဲ့လည်း မြစ်ရေလွတ်ရာကို ရွှေ့ ပြောင်းနေထိုင်နေကြတယ်လို့လည်းသိရပါတယ်။ မြစ်ရေကြီးမှုကြောင့် ရေကြီးမှုဒဏ်ကြုံတွေ့နေရတဲ့ (၆)မြို့နယ်ထဲကမှ မကွေးတိုင်းဒေသကြီးက မင်းဘူးမြို့ နယ်ကို့ဇူလိုင်လ(၁၇)ရက်မှာ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့အစာအစားတွေကို ထောက်ပံ့ပေးခဲ့ တယ်လို့ သိရပါတယ်။

ကျန်မြို့နယ်(၄)မြို့နယ်ကိုလည်း ဇူလိုင်လ(၁၈)ရက်မှာ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့သွားဖို့ ရှိတယ်လို့လည်းသိရပါတယ်။ဧရာဝတီမြစ်ရေဟာလက်ရှိအချိန်မှာ ဆက်လက်မြှင့်တက်နေပြီး နောက်(၂)ရက်၊(၃)ရက် ခန့်မှာ မြစ်ရေ ပြန်ကျဖို့အလားအလာရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။


20 Jul 2017     1,215 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS