BEC-TERO TV

နာမည်ရှေ့မှာဒေါက်တာတက်ခွင့်ရသွားပြီဆိုတဲ့ အေးချမ်းမိုး

20 Jul 2017     1,300 Views


မော်ဒယ်သရုပ်ဆောင်အေးချမ်းမိုးဟာ ဆေးကျောင်းတက်နေရင်း အနုပညာအလုပ်တွေကို လုပ်နေခဲ့တာအခုဆိုရင် ဇွန်လမှာ ဟောက်ဆာဂျင် ပြီးသွားပြီးစက်တင်ဘာ လမှာ ဘွဲ့ယူရတော့မှာလဲ ဖြစ်ပါတယ် ။

ဆရာဝန်တစ်ယောက်ဖြစ်သွားတဲ့အခါ အရင်တစ်နှစ်ကတော့ ညီမတစ်နှစ်လုံး အလုပ်သင်ဆရာဝန်အနေနဲ့ဆင်းရတာဆိုတော့ ပရိတ်သတ်နဲ့ ဒီအနုပညာအလုပ်နဲ့ ဒီဘက်ဆေးရုံအလုပ်နဲ့ဆိုတော့ နည်းနည်းတစ်ခါတလေကြ ညှိရတာလေးတွေရှိတဲ့အခါကြတော့ အနုပညာဘက်ကို နည်းနည်းလျှော့သွားတာလေးတွေရှိတာပေါ့နော် ။ ဆေးရုံကကျတော့ ပျက်လို့အရဘူးလေ ။ ပျက်လဲတစ်ရက်လောက်ပဲ ။နေမကောင်းခွင့်လောက်ပဲရတာဆိုတော့ အဓိကတော့ ဆေးရုံဘက်လဲ အလေးပေးဖြစ်တယ်။

အခု ဇွန်လမှာပြီးသွားပြီဆိုတော့ အနုပညာအလုပ်တွေပိုလှုပ်ရှားဖြစ်တော့မှာပါ။ နောက်ပိုင်းကမ်းလှမ်းတာလေးတွေလဲ သေသေချာချာ လုပ်ဖြစ်သွားမှာပါ ။လောလောဆယ်တော့ ထူးထူးခြားခြား မရှိသေးပါဘူး ။ ပရိတ်သတ်တွေမြင်နေကြပုံစံအတိုင်း MC တစ်ယောက် ၊ Presenter တစ်ယောက်အနေနဲ့ မြင်တွေ့ရအုံးမှာပါ ။

တချို့ပရိတ်သတ်တွေက MC ထက် သရုပ်ဆောင်ပိုင်းကိုပိုအားပေးကြတယ် ။ အခုဆို ဘွဲ့ယူပြီးပြီဆိုတော့ ဒေါက်တာအနေနဲ့ တပ်လို့ ရပြီပေါ့နော် ။ နှစ်ဖက်စလုံးမှာတော့ အကောင်းဆုံးကြိုးစားချင်တယ် ။ငယ်ငယ်ထဲက အနုပညာနဲ့ ပညာရေး နှစ်ခုတွဲပြီးလုပ်လာတာဆိုတော့ အခြေအနေပေးရင် နှစ်ခုလုံး အကောင်းဆုံး ကြိုးစားချင်တယ် ။ပရိတ်သတ်တွေကလဲအားနည်းချက်တွေကို ဝေဖန်ပါ ညီမဘက်ကလဲ အကောင်းဆုံး ကြိုးစားပါမယ်လို့ပြောသွားခဲ့ ပါတယ် ။

Credit:oasis


20 Jul 2017     1,300 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment