BEC-TERO TV

ဉာဏ်စမ်းပုစ္ဆာ အဖြေမှန်နှင့် အဖြေကပြောတဲ့ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး

20 Jul 2017     1,664 Views


ပိုပိုလေးရဲ့ ဉာဏ်စမ်းပုစ္ဆာလေးကို ပါဝင်ဖြေဆိုခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
ဒီပုစ္ဆာလေးရဲ့ အဖြေမှန်ကတော့ တွက်နည်းပေါ် အခြေခံပြီး “40” နှင့် “96” နှစ်ခုစလုံးက အဖြေမှန်ဖြစ်ပါတယ်။
 
၁။ အဖြေမှန် “40” ရရှိသူတွေကတော့ ရိုးရှင်းပြီး ဖြတ်ထိုးဉာဏ် အားကောင်းသူများလို့ သတ်မှတ်နိုင်ပါတယ်။
 
တွက်နည်း
1+5 = 5
2+5 = (7) ကိုအပေါ်အဖြေ (5) နဲ့ ထပ်းပေါင်းခြင်းဖြင့် “12” ရပါတယ်။
3+6 = (9) + (12) = 21 ပါ။
8 + 11 = (19) + (21) = 40 ရတာဖြစ်ပါတယ်။
 
ဒါပေမယ့် 1,2,3,4 အစဉ်လိုက်နဲ့ တစ်ဆင့်ခြင်းတွက်သွားမယ်ဆိုရင်တော့ ဒီအဖြေ “40” ဆိုတာကို ရမှာမဟုတ်ပါဘူး 4+7 အဆင့်မှာတင် အဖြေက 49 ထွက်နေပါပြီ။ သို့သော် အစဉ်လိုက်တိုင်း တွက်ပါလို့ မပြောထားတဲ့အတွက် အမြင်အတိုင်းတွက်တဲ့အခါ “40” ကလည်း ငြင်းမရတဲ့ အဖြေမှန်ဖြစ်လာပါတယ်။
 
 
**********************************************
 
 
၂။ ဒုတိယအဖြေမှန် “96” ရရှိသူတွေကတော့ မည်သည့်အလုပ်ကိုမဆို စနစ်တကျ၊ အစီစဉ်တကျ လုပ်ကိုင်တတ်သူများ ဖြစ်တတ်ကြပါတယ်။ အသေးစိတ်တွေးတတ်လွန်းလို့ တစ်ခါတစ်ရံ အတွေးခေါင်သူများလို့ အထင်ခံရတတ်ပါတယ်။ ဒီဖြေမှာလည်း တွက်နည်း နှစ်ခုတွေ့ရပါသေးတယ်။
 
တွက်နည်း (၁)
ပေးထားချက်ပုံစံကို ရှေ့နောက် အရင်လှည့်လိုက်ပါတယ်၊ ဒီအခါမှာ
1+4 = 5 ကနေ 4+1 = 5 လှည်လိုက်ပါတယ်။ ပြီးတော့ အဆင့်နဲ့ မြှောက်သွားတာဖြစ်ပါတယ်။
1x 4+1 = 5
2x 5+2 = 12
3x 6+3 = 21
4x 7+4 = 32
5x 8+5 = 45
6x 9+6 = 60
7x 10+7 = 77
8x 11+8 = 96 ဆိုတဲ့ အဖြေ ရခဲ့တာဖြစ်ပါတယ်။
 
တွက်နည်း (၂)
ကတော့ ပုစ္ဆာရဲ့ သက်သေပြချက် ၃ ခုကို ခြုံငုံပြီး အမြန်ဆုံးတွက်လို့ရပ်တယ် တွက်နည်း ၁ ဟာ ပြောင်ပြန်လှန် တွက်ချက်ထားလို့ အဆင့်အများကြီးကျော်ပေးရင် ချက်ချင်းတွက်ဖို့ မလွယ်ပါဘူး။ ယခုနည်းဟာ အလွန်မြန်တဲ့ နည်းဖြစ်ပါတယ်။
 
1x(4+1) = 5
2x(5+1) = 12
3x(6+1) = 21
8x(11+1) = 96 ရပါတယ်။
နောက်က ဂဏန်းကို 1 ပေါင်းပြီး ရှေ့ဂဏန်းနဲ့ မြှောက်လိုက်ရုံဖြစ်လို့ ဘာလာလာ ချက်ခြင်း ဒေါင်းပါတယ်ခင်ဗျာ။
ပျော်ရွှင်ကျေနပ်ကြပါစေ၊ ပိုပိုလေးရဲ့ ဉာဏ်စမ်းများကိုလည်း ထပ်မံပါဝင် ဖြေဆိုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
 

20 Jul 2017     1,664 Views




RELATED

Most Popular of Special or Others

Most Popular of Life Style