BEC-TERO TV

G20 ထိပ်သီးဆွေးနွေးပွဲအတွင်း သမ္မတထရမ့်နှင့်သမ္မတပူတင်တို့ (၂)ကြိမ် တွေ့ဆုံခဲ့

21 Jul 2017     1,218 Views


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ အခုလအတွင်း ကျင်းပခဲ့တG20 ထိပ်သီးဆွေးနွေးပွဲအတွင်း (၂)ကြိမ်တွေ့ဆုံခဲ့ပေမဲ့ တရားဝင်တွေ့ဆုံမှု တစ်ကြိမ် ကိုသာ သတင်းထုတ်ပြန်ခဲ့တယ်လို့သတင်းတွေမှာဖော်ပြနေပါတယ်။ဒီတွေ့ဆုံမှုဟာ ပုံမှန်တွေဆုံမှု တစ်ခုဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေစကားပြောဆိုခဲ့ကြတာမျိုးရှိခဲ့ပေမဲ့ အိမ်ဖြူတော်ကတော့ ခေါင်းဆောင်တွေ ဘာတွေပြောဆိုခဲ့တယ်ဆိုတဲ့အသေးစိတ်ကိုတော့ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပါတယ်။

သမ္မတထရမ့်ကတော့ အခုသတင်းဟာ သတင်းမှားတွေဖြစ်တယ်လို့ သူအသုံးပြုနေတဲ့ အင်တာနက်လူမှုကွန်ယက် တွစ်တာအကောင့်ကနေ ပြန်လည်တုံ့ပြန်ထားပါတယ်။၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မစ္စတာထရမ့်ရဲ့မဲဆွယ်အဖွဲ့နဲ့ရုရှားတို့ကြားမှာ ဆက်နွယ်မှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိနေချိန်မှာပဲ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့အခုလိုတွေ့ဆုံမှုမျိုးထွက်ပေါ်လာလို့ ခေါင်းဆောင်တွေရဲ့ဆက်ဆံရေးကို စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အခုလအစောပိုင်းတုန်းက ဟမ်းဘတ်မြို့မှာ ကျင်းပတG20 ထိပ်သီးဆွေးနွေးပွဲရဲ့နိုင်ငံခေါင်းဆောင်တွေအတွက် သီးသန့်ညစာစားပွဲ အတွင်း တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး အဲဒီညစာစားပွဲကို သမ္မတ ထရမ့်တစ်ယောက်တည်း တက်ရောက်ခဲ့သလို ရုရှားဘက်ကလည်း သမ္မတပူတင်နဲ့သူ့ရဲ့စကားပြန်တစ်ဦးတို့ပဲ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ညစာစားပွဲအတွင်းတွေ့ဆုံမှုဟာ တစ်နာရီကြာမြင့်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေမှာ ဖော်ပြနေပါတယ်။


21 Jul 2017     1,218 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS