BEC-TERO TV

စိုးသူရဲ့ ဇနီးဟောင်း မခငယ် မြန်မာပြည်ပြန်လာပြီး ဖြေရှင်းတော့မယ်

21 Jul 2017     1,649 Views


တခေတ်တခါက နာမည်ကြီး ဒိတ်ဒိတ်ကြဲမင်းသား စိုးသူကတော့ ပရိသတ်တွေကြား သူ့ရဲ့ ရုပ်ရည် အနုပညာကြောင့် နာမည်ကြီးသလို ယခုအချိန်မှာတော့ သူတို့ရဲ့ အိမ်ထောင်ေ ရးကိစ္စဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှုအများဆုံးရှိနေပါတယ် ။

အမေရိကားမှာ နေထိုင်တဲ့ ဇနီးဟောင်း မခငယ်နဲ့ လူမှုကွန်ယက်ပေါ်မှာ တိုင်းသိပြည်သိ ပြသနာတွေဖြစ်ခဲ့ကြပါတယ်။ မင်းသားစိုးသူကလည်း မြန်မာပြည်မှာမင်းသမီးတစ်ယောက်နဲ့ အတိအလင်းတွဲနေခဲ့တာ လူတိုင်းသိကြပါတယ် ။

ဒီပြဿနာတွေ အေးနေပြီထင်ရပေမယ့် ယခုတခါ မခငယ်ဘက်ကဂျာနယ် တခုရဲ့ သတင်းရေးမှုအပေါ် စိတ်ခုသွားပြီး သူမရဲ့အကောင့်မှာ “ ပရိသတ်ကြီးရေ…. ကျမ မကြာခင်မြန်မာပြည်ကို ပြန်လာမှာမို့ ကျမ ပြောခဲ့တဲ့ ဗီဒီယိုတွေဟာ လုပ်ကြံပြောဆိုခဲ့တယ် ဆိုလျှင် ကိုစိုးသူ ဘက်ကတ ရားဥ ပဒေ အရ လိုသလုပ်ပါ…

ဒါနဲ့အဲဂျာနယ် က ကိုစိုးသူရဲ့ အခုသတင်းရေးသူရဲ့ twist and turn လုပ်သလားလို့တောင်ထင်မြင်စရာဖြစ်လာတဲ့ ဆိုတဲ့ ရေးသားချက် ကို ကျမတို့ ကိစ္စပြီးရင် အဲဂျာနယ်တိုက်က ဘယ်လို ဖြေရှင်းပေးမလဲဆိုတာ ကြိုစဉ်းစားထားပေးပါလို့….” လို့ သူမရဲ့ လူမှုစာမျက်နှာမှ တဆင့် တရားဝင်ရေးသားတင်ထားတာ တွေ့ရပါတယ်။

Credit:myanmar star media


21 Jul 2017     1,649 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment