BEC-TERO TV

ဆယ်လီဇာတ်ကားက ပညာပေးကားဖြစ်လို့ ရုံထဲကိုတစ်ခေါက်လောက်လာကြည့်ပါလို့ပြောလိုက်တဲ့ ကိုပေါက်

21 Jul 2017     1,462 Views


ဒါရိုက်တာ ကိုပေါက်ကတော့ သူကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဆယ်လီဇာတ်ကားအကြောင်းကို ပြောပြသွားခဲ့ပါတယ် ။

လောလောဆယ် ဆယ်လီ ကားပေါ်အသေအချာအာရုံစိုက်လုပ်ထားတယ်။ ခေတ်ဆိုတာ တိုးတက်လာတာကောင်းတယ် ။ ဒါပေမယ့် သုံးတက်ရင်ဆေး ၊ မသုံးတက်ရင်ဘေးဆိုတာမျိုးကို ဒီကားထဲမှာ အသေအချာ ချပြထားတယ်။ ကျွန်တော်ကိုယ်တိုင်ဗီလိန်နေရာကနေ သရုပ်ဆောင်ပြီးအမိုက်ရိုင်းဆုံး ၊ အကြမ်းတမ်းဆုံး ဇာတ်ရုပ်နဲ့ ပို့ပေးထားတယ် ။ဒီကားမှာ သုံးတဲ့သူတွေထဲမှာ နာမည်ကြီးဈေးကွက်ဝင်တွေမပါဘူး ။ အနုပညာရှင်တွေရဲ့ ရင်သွေးတွေကို စင်တင်ပေးထားတယ်။ ကျော်ရဲအောင် သမီး ၊ မင်းမော်ကွန်း သား ၊ အရိုင်းသမီး ၊ဟိန်းမင်းရဲ့ သားနှင့် သမီးစတဲ့ ကလေး၁၀ယောက်သုံးထားတယ် ။

မင်းမော်ကွန်းတို့ ရဲအောင်တို့ပါတယ်ဆိုပေမယ့် သူတို့ကရှေ့ထွက်တာမျိုးမဟုတ်ပဲ ကလေး၁၀ယောက်ကို ဦးဆောင်တာမျိုးပဲပြထားတယ် ။ ဒီလိုကားမျိုးကို လမ်းကြောင်းသစ်ပေါ်မှာ ရဲရဲဝံ့ဝံ့ဖောက်ရတာကတော့ အနုပညာ စေတနာနဲ့ ပရိတ်သတ်ကို ချပြချင်တာပါ။ ကိုယ့်သားသမီးအရွယ်တွေ ကိုယ့်ညီမအရွယ်တွေ ဒုက္ခမရောက်အောင် ပရိတ်သတ်တွေအနေနဲ့ ထိန်းကျောင်းပေးနိုင်အောင်လို့ပါ ။ ဒီကားက ပညာပေးကားဖြစ်လို့ ရုံထဲကိုတစ်ခေါက်လောက်တော့ လာကြည့်ကြပါလို့ပြောချင်တယ် ။ ဒီကားရဲ့ အဓိက စိန်ခေါ်မှုကတော့ နံပါတ် ( ၁ ၊ ၂ ၊ ၃ )အဆင့်ရှိတဲ့သရုပ်ဆောင်တွေမပါပါဘူး ။ ပရိုဂျုဆာတွေကများသောအားဖြင့် ကိုယ်ပိုက်ဆံပြန်ရှာနိုင်တဲ့ သရုပ်ဆောင်တွေကိုပဲသုံးတယ်။ ဒါမှလည်း ပိုက်ဆံပြန်ရမှာ ။ အခုက ဒါရိုက်တာကျော်ဇောလင်း ကလည်း ကိုယ့်ကျေးဇူးရှင်ဆရာလို ဖြစ်နေပီ ။ နှစ် ၂၀ လောက်လက်တွဲခဲ့တယ် ။

ဒါကြောင့် အတူတွဲလျှောက်ဖို့ ယုံကြည်ချက်အပြည့်ရှိလို့ ရိုက်ခဲ့တာပါ ။ ( ၈ ) လပိုင်းမှာတော့ ရုံတင်မှာပါ ။ ရက်ကတော့ အတိအကျ မပြောနိုင်သေးပါဘူး” လို့ပြောသွားခဲ့ ပါတယ်။


21 Jul 2017     1,462 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment